မြန်မာအမျိုးသားကွန်ယက်က ဦးဆောင်၍ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်စိန်မှန်ကွင်း၌
ဆန္ဒဖော်ထုတ်ရန် စီစဉ်လျက်ရှိရာ NLD ပါတီဝင်များက
ထိပ်တိုက်ရင်ဆိုင်ရေးအတွက် NLD ပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးထင်လင်းဦး
ဦးစီး၍ လှုပ်ရှားရန် ကြိုတင်စီစဉ်လျက်ရှိရာ ယင်းအစီ အစဉ်အပေါ် ပြည်သူများက
အမျက်ထွက်နေကြောင်း သိရှိရသည်။
မြန်မာအမျိုးသားကွန်ယက်၏
လုပ်ဆောင်ချက်မှာ စီးချင်းပွဲတစ်ခုလို ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်ရမည်
ဖြစ်ကြောင်း NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး စည်းရုံးလှုပ်ရှားမှုများတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လိုက်ပါလျက် ရှိသည့် ဦးထင်လင်းဦး (Wisdom
Villa) က ၄င်း၏ လူမှုစာမျက်နှာ ထုတ်ဖော် ရေးသား၍ စိန်ခေါ်ခဲ့ခြင်းအပေါ် အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ကာကွယ်လိုသူ လူငယ်များက မကျေမနပ် ဖြစ်နေကြ ကြောင်း
သိရသည်။
ထိုသို့ NLD မဟုတ်သော အခြားသူများ ပြုလုပ်သည့်
ဆန္ဒဖော်ထုတ်ပွဲများသို့ လူစုလူဝေးဖြင့် သွားရောက်ပွဲဖျက်မည့် အစီအစဉ်အပေါ်
ပြစ်တင် ဝေဖန်မှုများ ထွက်ပေါ်လာခြင်းနှင့်ပတ်သက်၍ ဦးထင်လင်းဦးက
"ကိုယ်ပြောချင်တဲ့ အယူအဆက ပြီးပြည့်စုံနေရင် ၊ အဲဒီအယူအဆကို တက်ရောက်လာ သူက
ထောက်ခံသဘောတူရင်တော့ မေးစရာဘယ်ရှိပါမလဲ ဒါပေမဲ့ ကွဲလွဲတဲ့အမြင်
ဆန့်ကျင်တဲ့အမြင်ရှိတဲ့သူကတော့ မေးစရာရှိမှာပါပဲ ။
မမေးစေချင်ရင်တော့
ကူးတို့ဆိပ်မှို့အိပ်ဖွင့်သလို လူတောထဲ ဟောပြောပွဲမလုပ်နဲ့ပေါ့။
ဟုတ်တယ်နော်" ဟု ပြန်လည်တုံ့ပြန် ပြောကြားလိုက်သည်။
ထို့အပြင်
ဦးထင်လင်းဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့ ပွဲတက်ရောက်မည့် ပြည်သူများအား NLD
ပါတီဝင်များက ဆန့်ကျင်ကန့်ကွက်မည် ဖြစ်သောကြောင့် "
ကန့်ကွက်သူတွေလက်ထောင်ရင် တစ်ကွင်းလုံးပြည့်သွားရင်ကောဗျာ" ဟူ၍
ဖော်ပြခဲ့သည်။ ပုဒ်မ ၅၉ မပြင်ဆင်လိုသည့် ပြည်သူများအား စိန်ခေါ်သည့်
သဘောဖြင့် " ဒီလို face to face ပေါ်ပေါ်ထင်ထင်လုပ်လာတာကိုပဲ
ဝမ်းသာနေတာပါဗျာ" ဟူ၍ ပြောကြားခဲ့သည်။
ဦးထင်လင်းဦး၏
ရေးသားဖော်ပြချက်များအရ NLD ပါတီဝင် အင်အား လူသုံးသောင်းခန့်
စုစည်းသွားရောက်ရန် ရှိပြီး ဗိုလ်စိန်မှန်ကွင်းအနီး လက်ဘက်ရည်ဆိုင်တွင်
လူစုရန် ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက်တွင်မှာ ပွဲစတင်သည့်အချိန်တွင်
ဟောပြောမည့် ကွင်းအတွင်း ကွင်းလုံးပြည့် ၀င်ရောက်နေရာယူပြီး
ဟောပြောသူများအား ညှပ်ပူးညှပ်ပိတ် မေးခွန်းများ မေးမြန်းကာ အရှက်ခွဲရန်
ဖြစ်ကြောင်း သိရသည်။
ဦးထင်လင်းဦးနှင့် NLD ပါတီဝင်များ၏
လုပ်ဆောင်ချက်သည် ဒီမိုကရေစီ သဘောတရားနှင့် ဆန့်ကျင်နေပြီး ငါတကောကောသည့်
လုပ်ရပ် ဖြစ်ကြောင်း၊ NLD နှင့် ဆန့်ကျင်လျှင် တိုက်ခိုက်မည်ဟူသော
စိတ်ဓါတ်သည် အာဏာရှင်လုပ်ရပ်နှင့် အတူတူပင် ဖြစ်ကြောင်း၊ ထိုသို့ NLD ၏
ကြိုတင်စီစဉ်ထားသော ကန့်ကွက်မည့်အစီအစဉ်များ ထွက်ပေါ်လာခြင်း ကြောင့် NLD
ကို မနှစ်မျို့သူများ ပိုမိုပါဝင်လာဖွယ်ရာ ရှိကြောင်း၊ ရန်ကုန်မြို့ရှိ မဘသ
သံဃာတော်များလည်း အများအပြား သွားရောက်ကာ ဦးထင်လင်းဦးနှင့် ရင်ဆိုင်မည်
ဖြစ်ကြောင်း သိရသည်။
"ဒါကတော့ NLD ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်
လို့ပဲ မြင်တယ်။ ဦးထင်လင်းဦး ဘာလဲ ကျွန်တော်တို့ သိပါတယ်။ NLD
ဂုဏ်တင်ပြီး စာစီစာကုံးတွေ ရေးနေတာ။ ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သွားတာလည်း
သိပါတယ်။ ကျွန်တော်တို့က သူတို့လို အောက်တန်းမကျပါဘူး။
ထိပ်တိုက်တွေ့ဆုံရင်လည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းမယ်။ ဒါပေမယ့်
ဒီထိပ်တိုက်တွေ့တာက ကျွန်တော်တို့က လုပ်တာ မဟုတ်ဘူးနော်။ NLD က လူတွင်ကျယ်
လာလုပ်တာ။ ဦးထင်လင်းဦးက Face To Face ကြိုက်တယ် ဆိုရင်
ကျွန်တော်တို့ကလည်း ဗိုလ်စိန်မှန်ကွင်းရယ်မှ မဟုတ်ဘူး။ ကြိုက်တဲ့ နေရာ
ကြိုက်တဲ့အချိန်ပြော လို့ပဲ ပြောချင်တယ်" ဟု မြန်မာအမျိုးသားကွန်ယက်မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာအမျိုးသားကွန်ယက် တာဝန်ရှိသူများသို့ ဆက်သွယ်လိုလျှင် ကိုမောင်မောင်ခ (09254205295)၊ ကိုသီရိမောင် (09420176280) နှင့် ကို
နောင်တော်လေး (09401601220) ဖြစ်ကြောင်း သိရှိရသည်။
မြန်မာအမျိုးသားကွန်ယက်၏ ဟောပြောပွဲကို အင်အားပြကန့်ကွက်ရန် စီစဉ်
ဆောင်ရွက်နေသော NLD ပါတီ၏ လုပ်ငန်းစဉ်များကို ဦးထင်လင်းဦးက
တာဝန်ယူထားကြောင်း သိရသည်။ ဦးထင်လင်းဦးသည် wisdom villa အမည်ဖြင့် NLD
ပါတီ၏ ၀ါဒဖြန့်ချိရေး ဆောင်းပါးများ ရေးသားနေသူ ဖြစ်ပြီး ဥပဒေပညာရှင်
ဦးကိုနီ၏ တပည့်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။ ဦးထင်လင်းဦးသည်
ဒေါ်အောင်ဆန်းစုကြည်၏ လူထုစည်းရုံးရေးခရီးစဉ်များတွင် အစဉ်အမြဲ လိုက်ပါပြီး
သတင်းထုတ်ပြန်ပေးရသူ တစ်ဦး ဖြစ်ပြီး နောက်ပိုင်းတွင် NLD ပါတီ၌ နေရာ
ရရှိလာသူ ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့ အာဏာ
No comments:
Post a Comment