လီဗာပူး အသင်းရဲ့ မန်နေဂျာ ဘရက်ဒင် ရော့ဒ် ဂျာ ကတော့ မနေ့ညက ကစားခဲ့တဲ့ လီဗာပူးလ် - အက်စတွန် ဗီလာ ပွဲစဉ်၌
ကစားသွားခဲ့တဲ့ သူ့ရဲ့ကစားသမားတွေအပေါ် ပရိတ်သတ်တွေက ပြစ်တင် ဝေဖန်မှုကို
သူ လက်ခံခဲ့ သော်လည်း တိုက်စစ်မှုး ဆွာရက်ဇ် ရဲ့ ဟန်ဆောင် လဲချ မှုအပေါ်
ပရိတ်သတ်တွေ ရဲ့ ရှုတ်ချ ပြောဆိုမှုများကို တော့ သူက ဆွာရက်ဇ် ဘက်မှ ကာကွယ်
ပြီးပြောသွားခဲ့သည်။
အဆိုပါ ပွဲစဉ် ၌ အက်စတွန် ဗီလာ
အသင်းမှ လီဗာပူးလ် အသင်း အား ၂-၁ ဖြင့် ဦးဆောင်နေသော အချိန်တွင်
တိုက်စစ်ဆင်လာသော ဆွာရက်ဇ် အား ဗီလာ ဂိုးသမား ဘရက် ဂူဇင် မှ ဆွဲလွဲချ သည်ဟု
ကွင်းလယ်ဒိုင်လူကြီး မှအငြင်းပွားဖွယ်ရာ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး
အဆိုပါ ပင်နယ်တီအား အသင်းခေါင်းဆောင် စတီဗင် ဂျာရတ်မှ အမှားအယွင်းမရှိ
သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် အဖိုးတန် သရေ တမှတ်ကို ရယူနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်၌ ပတ်သတ်ပြီး လီဗာပူး နည်းပြ ဘရက်ဒင် ရော့ဒ်
က ပြောသွားခဲ့တာတော့ ..... " ပထမပိုင်း ကတည်းက ဗီလာ ကစားသမား
လင်ဒရို ရဲ့ လက်ထိဘော ကတည်းက ကျွန်တော်တို့ ပင်နယ်တီ ရခဲ့သင့်တယ်လို့
ထင်တယ် ။ ဒုတိယ ပိုင်းမှ လူးဝစ် အဖြစ်အပျက်ကတော့ ပင်နယ်တီ ပေးသင့်တယ် လို့
ကျွန်တော်ထင် တယ်။ ဘာဖြစ်လို့ လဲဆိုတော့ လူးဝစ် ကို တားဆီးခဲ့တဲ့ ဂိုးသမား
ဟာ လူးဝစ် စ် ကို သေသေချာချာ ထိခဲ့တာကြောင့် လူးဝစ် လဲကျ
သွားခဲ့ရတာဖြစ်တယ်။
" " ဗီလာ နည်းပြ လမ်းဘတ်
ကလည်း ခုလို လုပ်ရပ်ကတော့ မတရား ဘူး ဆိုတာ ကို သူလည်း ရှင်းရှင်းလင်းလင်း
မြင်နိုင်လိမ့်မယ် " ဆက်လက်ပြီး သူရဲ့ လူရွေးချယ်မှုနဲ့ ပတ်သတ်ပြီ
းပြောကြားခဲ့တာတော့ " ကျွန်တော့်ရဲ့ တွေးခေါ်မှု နဲ့
ကျွန်တော် ခရီးဆက်နေတာ ၊ ကျွန်တော် ထင်တာကတော့ တိုက်စစ်အသားပီး
ကစားနေတာဖြစ်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်ကတည်းက ဒီလို
ကစားခဲ့တာပါ...ဒါကြောင့် ခင်ဗျားတို့ အပြစ်တင်ချင်ရင် ကျွန်တော့်ကို ပဲ
အပြစ်တင်ကြပါ " လို့ ပြောကြားသွားခဲ့သည် ဟု သိရသည်။
Written by မောင်ပြည်သိမ်း
FOOTBALL CAFE
Pages
▼
No comments:
Post a Comment