Pages

17.2.14

နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရန် ရခိုင်နိုင်ငံရေး အင်အားစုများနှင့် အစိုးရ အကြိုဆွေးနွေး

Monday, February 17, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ပြီးပါက ကျင်းပရန် စီစဉ်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ (Political Dialogues) စတင်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရခိုင်နိုင်ငံရေး အင်အားစုများ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကြိုတင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ရခိုင်နိုင်ငံရေး အင်အားစုများဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် ရခိုင် အမျိုးသားညီလာခံ ဆက်သွယ်ရေး ကော်မတီတို့ကို နိုင်ငံရေး ဆွေးနွေးပွဲများအတွက် သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။
“အဓိက Political Dialogue မှာ ပါဝင် သင့်တဲ့သူတွေ အားလုံးပါရအောင်ရယ် နောက်တစ်ခုက ရခိုင်နိုင်ငံရေး အင်အားစုတွေ အချင်းချင်း ဆွေးနွေးပွဲတွေမှာ ဘယ်လိုပါကြမယ် ဆိုတာတွေ ပြောဖြစ်ပါတယ်” ဟု ၎င်းကရှင်းပြသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးလျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် ရခိုင်တိုင်းရင်းသားအဖွဲ့ မပါဝင်သော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများတွင်မူ ယင်းအဖွဲ့များမှ ပါဝင်သင့်သူ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ရခိုင်အမျိုးသား ကောင်စီ၏ လေ့လာရေး ခရီးစဉ်တွင် မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားနှင့် အစိုးရပိုင်း၏ မူဝါဒဆိုင်ရာ အခက်အခဲအချို့ကို ဆွေးနွေးညှိနှိုင်း ခဲ့ကြောင်း ANC ကိုယ်စားလှယ်အဖွဲ့မှ ဗိုလ်မှူးကြီး မင်းထွန်းက ပြောဆိုသည်။

အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံများ ကျင်းပရာတွင် ရခိုင်တိုင်းရင်းသားများကို ကိုယ်စားပြုကာ ALP၊ ANC နှင့် ရခိုင့်တပ်မတော် (AA) ဟူ၍ သုံးဖွဲ့ပါဝင်နေပြီး ALP တစ်ဖွဲ့သာ အစိုးရနှင့် တရားဝင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသည်။

The Voice Weekly

No comments:

Post a Comment