တစ်နိုင်ငံလုံးရှိ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဖေဖော်ဝါရီ ၁၀ ရက်မှဇွန်လ ၃၀ ရက်အထိ စီမံချက် ဖြင့် တရားဝင် မှတ်ပုံတင်ပြုလုပ်ပေးမည်ဖြစ်ရာ ယင်းသို့စီစဉ်ခြင်းသည်လည်း နောက်ဆုံးဆောင်ရွက်ပေး မှုဖြစ်ကြာင်း ၎င်းက ပြောသည်။
“ဆိုင်ကယ်လိုင်စင် လုပ်ပေးမယ့်ရက်ပေါင်း ၉၀ ရှိတယ်ဆိုပြီးတော့။ ၀ီရိယမလျှော့ပါနဲ့၊ သေချာမလုပ်ရင်၊ ဒီအကြိမ်က နောက်ဆုံးအကြိမ် လုပ်ပေးတာဖြစ်တယ်၊ နောက်မလုပ်ပေးတော့ဘူး။ ပြီးရင်တော့ လိုင်စင် မဲ့ဆိုင်ကယ်တွေကို တရားဥပဒေနဲ့အညီ ဖမ်းဆီးဆောင်ရွက်မှုတွေ လုပ်တော့မှာပါ”ဟု ဦးနိုင်နိုင်က ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် အခွန်ဆောင်ရောင်းသည့် မော်တော်ဆိုင်ကယ်အရောင်းဆိုင် ၃၀ ကျော်ရှိ ပြီး လက်ရှိလိုင်စင်ထုတ်ပေးမှုအရ နယ်စပ်မှတဆင့် တရားမ၀င် ၀င်ရောက်မှုများကြောင့် တရားဝင်အ ရောင်းဆိုင်များ ရောင်းအားကျသွားနိုင်ကြောင်းလည်
“အခုထပ်ပေးတာဆိုရင် လေးကြိမ်ဖြစ်ပြီး။ လိုင်စင်ထုတ်ပေးတိုင်း ထုတ်ပေးပြီး ဖမ်းမယ်၊ နောက်မလုပ် ပေးတော့ဘူးဆိုပြီးတော့ လိုင်စင်ထပ်ထုတ်ပေးတော့ ကျွန်တော်တို့ တရားဝင် အခွန်အခတွေနဲ့ ရောင်း နေတဲ့ဆိုင်တွေကို ထိခိုက်တယ်၊ အခု ပွင့်လင်းရာသီမှာ ဆိုင်ကယ်ရောင်းအားကောင်းမှာ၊ လိုင်စင်ထုတ် ပေးတော့ နယ်စပ်ကနေ တရားမ၀င်ဆိုင်ကယ်တွေ ထပ်ဝင်လာပြီး၊ ဆိုင်သမားတွေ အရောင်းအ၀ယ် ထိ ခိုက်နိုင်ပါတယ်”ဟု ပုသိမ်မြို့ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ဧရာဝတီတိုင်းတွင် ဆိုင်ကယ်လိုင်စင်များကို ရုံးချိန်အတွင်း လုပ်ဆောင်ပေးမည်ဖြစ်ပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ လပွတ္တာ၊ မြောင်းမြနှင့် ဖျာပုံမြို့များတွင် ပြုလုပ်ပေးမည်ဖြစ်သည်။ ဆိုင်ကယ်လိုင်စင် ချထားပေး မှုများကို ယခင်က ၂၀၀၀၊၂၀၀၄၊ ၂၀၁၀နှင့်၂၀၁၂ ခုနှစ်များတွင်လည်း ပြုလုပ်ပေးခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment