Pages

23.2.14

စီးပွားရေး တိုးတက်အောင် ဆောင်ရွက် သူများအား ပြန်လည် ရင်းနှီးမြုပ်နှံခွင့် ပေးရန် လိုအပ်နေဟု သမ္မတသို့ ဦးတေဇ တင်ပြ


မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်း ဖွံဖြိုးတိုး တက်ရေး အတွက် အမှန်တကယ် ဆောင်ရွက်နေသူ များအား ပြန်လည် ရင်းနှီးမြုပ်နှံ မှုပြုနိုင်ရန် အခွင့် အရေးပေးရန် လိုအပ်နေသည် ဟု စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ က သမ္မတ ဦးသိန်းစိန် ကို အကြံပြု တင်ပြသည်။


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက် အအုံ၌ ယနေ့ ကျင်းပခဲ့သော နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ဦးတေဇက အထက်ပါ အတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် နိုင်ငံတော်မှ ချမှတ်မည့် အစီစဉ်များကိုလည်း လုပ်ငန်းရှင် များကိုပြတ်ပြတ် သားသားချပြ ပေးစေလိုကြောင်း၊ ယင်းကဲ့သို့ ချမှတ်မည့် ရှေ့လုပ်ငန်းစဉ်များ ကိုရေးဆွဲခြင်း ကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ရှိကြောင်း ၄င်းက ကျောက်မျက် လုပ်ငန်းရှင်များ ကိုယ်စား အကြံပြု တင်ပြ လိုက်သည်။

pls read more>>http://www.searchmyanmar.com/link/comment/cid/33129#content-33129

No comments:

Post a Comment