Pages

27.2.14

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် မြန်မာပြည်ကို လာရောက်မယ်



၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ဟာ မတ်လ ၃ ရက်ကျရင် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ဒေသဆိုင်ရာ Bimstec ညီလာခံကို တက်ရောက်ဖို
့အတွက် လာရောက်မှာ ဖြစ်ပါတယ်။

အဲဒီညီလာခံဟာ နိုင်ငံ ၇ နိုင်ငံနဲ့ သက်ဆိုင်တဲ့ စီးပွားရေးညီလာခံဖြစ်ပြီး အဲဒီဆွေးနွေးပွဲကို တက်ရောက်မယ့် နိုင်ငံတွေကတော့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

အဲဒီညီလာခံကို မတ်လ ၁ ရက်ကနေ လေးရက်အထိ ကျင်းပမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ညီလာခံဟာ တတိယအကြိမ်မြောက် ကျင်းပတဲ့ ညီလာခံဖြစ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ပထမအကြိမ်၊ ၂၀၀၈ ခုနှစ်တုန်းက နယူးဒေလီမြို့မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ဆွေးနွေးကြမယ့် အကြောင်းအရာတွေကတော့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေး၊ ကူးသန်းသွားလာရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်ဆိုင်ရာ အကြောင်းတွေအပြင် ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ စက်မှုပိုင်းဆိုင်ရာတွေ
မှာလည်း ဆွေးနွေးကြမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒါ့အပြင် နားလည်မှုစာချွန်လွှာတွေလည်း သဘောတူလက်မှတ်ရေးထိုး
ကြဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ABC

No comments:

Post a Comment