Pages

24.2.14

ဘယ်အရာဝတ္ထုကိုမဆို မျက်နှာနဲ့ လက်တွေမှာကပ်ထားနိုင်တဲ့ “ဦးသံလိုက်”

သာမန်လူတစ်ယောက် အတွက်တော့ ဇွန်း၊ ခရင်း တွေကနေ စိတ်လှုပ်ရှားစရာ ထုတ်ပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ Muhibija Buljubasic ဆိုသူအတွက်တော့ ဇွန်း၊ ခရင်းတွေဟာ သူ့ရဲ့ အထူးဇ (အထူးစွမ်းရည်) ကိုပြဖို့ ပစ္စည်းတွေ ဖြစ်စေခဲ့ပါတယ်။ ဘယ်အရာမဆို သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ကပ်နေနိုင်တာပါပဲ။

Muhibija Buljubasicဟာ အသက်၅၆နှစ် ရှိပြီဖြစ်ပြီး ဒီလိုထူးခြားစွမ်းရည်ကို လွန်ခဲ့တဲ့ ၅နှစ်ကစပြီး ရခဲ့တာလို့ ဆိုပါတယ်။ အရာဝတ္ထုတွေကို ဆွဲကပ်ထားနိုင်ဖို့အတွက် လေ့ကျင့်ခန်းလဲမလိုသလို ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်မနေခဲ့ရပါဘူး။ ဒါဟာ ‘အထူးအစွမ်းအား” တစ်ရပ်ပါလို့ Muhibija Buljubasicက ယုံကြည်ထားပါတယ်။



အစတော့ ဇွန်း၊ ခရင်းစတဲ့ သတ္တုပစ္စည်းတွေ ကပ်တာပေါ့။ နောက်တော့ ပလတ်စတစ်ကိုယ်ထည်ပါတဲ့ မိုဘိုင်းဖုန်းတွေ၊ ရီမုတ် တွေပါ ကယ်နိုင်စွမ်းရှိတာကို Muhibija Buljubasicက နားလည်သဘောပေါက်လာပါတယ်။

Trend Myanmar

No comments:

Post a Comment