Pages

27.2.14

တိုယိုတာ ကားပြခန်း လာဖွင့်မည်


၂၇.၂.၂၀၁၄၊ ကြာသပတေးနေ့

အခု မတ်လအတွင်း ဂျပန် တိုယိုတာ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မှာ ကားပြခန်း တခု လာရောက်ဖွင့်လှစ် ရောင်းချမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။


ကားဝယ်ယူမှု တိုးပွားလာတဲ့ မြန်မာနိုင်ငံမှာ တရုတ်၊ ကိုးရီးယား၊ အမေရိကန် နဲ့ ဂျပန် အမှတ်တံဆိပ်ပေါင်းစုံ ရောက်ရှိနေပြီး မြန်မာလူမျိုးတွေ အများဆုံး အသုံးပြုနေတဲ့ ဂျပန် တိုယိုတာ ကားကုမ္ပဏီက အခုနောက်ဆုံး ၀င်ရောက်လာတာ ဖြစ်ပါတယ်။
တိုယိုတာ ကုမ္ပဏီဟာ ဟိုင်းလက် ပစ်ကပ် ထရပ်စ်ကားငယ်တွေ၊ လင်ခရူဆာ ပရာဒိုကားတွေကို တင်သွင်းပြသ ရောင်းချမယ်လို့ သိရပါတယ်။

အကောက်အခွန်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ အစိုးရသစ် တက်လာပြီး ၃ နှစ်နီးပါးအတွင်း နိုင်ငံခြားကနေ ကားစီးရေ စုစုပေါင်း နှစ်သိန်းခြောက်သောင်းကျော် တင်သွင်းခဲ့ပြီး အများစုဟာ ဂျပန် တပတ်ရစ်ကားတွေ ဖြစ်ကြပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံအတွင်း ဂျပန် နီဆန်း ကုမ္ပဏီ နဲ့ ကိုရီးယား Sang yong ကုမ္ပဏီ အရောင်းပြခန်းတွေ ဖွင့်လှစ်ခဲ့ပါသေးတယ်။

DVB

No comments:

Post a Comment