Pages

21.2.14

ဥသမနိသကုမ္ပဏီမှဖုန်းဆင်းမ်ကတ်များကို ယခုနှစ်လယ်တွင်စတင်ရောင်းချမည်


ယခင်နှစ်အတွင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သောအော်ရီဒူးမြန်မာကုမ္ပဏီမှ မိုဘိုင်းလ်ဖုန်းဆင်းမ် ကတ်များကို ယခုနှစ်နှစ်လယ်တွင်စတင်ဖြန့်ဖြူးရောင်းချ
သွားမည်ဖြစ် ကြောင်းသိရသည်။


မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များကိုငွေကျပ် ၁၅ဝဝထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး စတင်ရောင်းချချိန်တွင် ပြည် သူများလုံလောက်စွာရရှိနိုင်သည်အထိ
ရောင်းချပေးသွားမည်ဖြစ် ကြောင်း အော်ရီဒူးမြန်မာ၏အမှုဆောင်အရာရှိချုပ်ကပြောသည်။

''ဆင်းမ်ကတ်တွေကိုလုံလုံလောက်လောက်ဝယ်ယူရရှိနိုင်မှာပါ။ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေစတင်ချိန်မှာ ဘယ်နေရာဒေသမှာမဆို လိုင်းနဲ့ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုထားပါတယ်။ တာဝါတိုင်တွေအနေနဲ့လဲ တာဝါတိုင်ပေါင်း ၇ဝဝဝဝဝ စိုက်ထူသွားမှာဖြစ်တယ်'' ဟု ၄င်းကပြောသည်။

သို့သော်လည်း ဖုန်းခေါ်ဆိုခနှုန်းထားနှင့်ပတ်သက်ပြီးမေးမြန်းရာ တိကျစွာဖြေကြားခြင်းမရှိဘဲ ပြည်သူတွေ အံ့သြပျော်ရွှင်စေမည့်နှုန်း ထားများဖြစ်စေရမည်ဖြစ်ပြီး ဝန်ဆောင်မှုပေးခါနီးတွင် ကြေညာပေး သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

အော်ရီဒူးကုမ္ပဏီအနေဖြင့် ၄င်းတို့မြန်မာနိုင်ငံကို စတင်ဝင်ရောက် လာချိန်တွင် ကြေညာခဲ့သောတစ်မိနစ်ဖုန်းခေါ်ဆိုခနှုန်းမှာ ၄၅ ကျပ်ဟု ဆိုခဲ့သော်လည်း ယင်းနှုန်းထားသည်မြန်မာ့ဆက်သွယ်ရေးသို့
အော်ပ ရေတာရွေးချယ်ခံရာတွင် တင်ဒါလျှောက်ထားရာ၌ ဖုန်းခေါ်ဆိုခနှုန်း ထည့်သွင်းရန်လိုအပ်သောကြောင့် အကြမ်းဖျင်းထည့်သွင်းခဲ့သော
ဈေးနှုန်းဖြစ်ပြီး ဝန်ဆောင်မှုပေးမည့်အချိန်တွင်ကြေညာခဲ့သော တစ် မိနစ်၄၅ကျပ်နှုန်းထက် လျော့နည်းစွာဝန်ဆောင်မှုပေးသွားမည်ဖြစ်
ကြောင်းပြောသည်။

လက်ရှိတွင် အော်ရီဒူးမြန်မာအနေဖြင့်နိုင်ငံအဝန်းတွင် တာဝါတိုင် များစိုက်ထူနေပြီး၊ တည်ဆောက်နေပြီးအချို့လုပ်ငန်းများမှာ ပြီးစီးပြီ ဖြစ်ကြောင်းနှင့် တာဝါတိုင်များလည်း ဆက်လက်တည်ဆောက်နေ ကြောင်း သိရသည်။

စတင်ဝန်ဆောင်မှုပေးချိန်တွင် 4G ဝန်ဆောင်မှုနှင့်မိုဘိုင်းလ် ငွေ ပေးချေမှုစနစ်ဝန်ဆောင်မှုများ ရရှိနိုင်ဦးမည်မဟုတ်သေးသော်လည်း အခြားဝန်ဆောင်မှုအပြည့်ရရှိမည်ဖြစ်ပြီး အင်တာနက်လိုင်းများလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

''မိုဘိုင်းလ်ငွေပေးချေမှုစနစ်နဲ့ မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှုကဏ္ဍ
တွေကိုဝန်ဆောင်မှုပေးဖို့ကတော့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုစတင်ချိန် ကာလမှာဖြစ်နိုင်ဦးမှာမဟုတ်သေးပါဘူး။ဒါတွေကို အကောင်အထည် ဖော်ဖို့ အစိုးရပိုင်းရဲ့ဘဏ္ဍာရေးကဏ္ဍက စည်းမျဉ်းတွေ၊ ပေါ်လစီ တွေနဲ့ ဥပဒေတွေအဆင်သင့်ဖြစ်မှဝန်ဆောင်မှုပေးနိုင်မှာပါ'' ဟု ၄င်းကပြောသည်။

The Union Daily

No comments:

Post a Comment