Pages

26.2.14

မော်တော်ယာဉ်အစားထိုးစီမံချက်အပါအဝင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအား အကောက်ခွန်ရှင်းလင်းထုတ်ပေးမှုအခြေအနေ



ရန်ကုန် ဖေဖော်ဝါရီ ၂၆

အကောက်ခွန်ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ် အစားထိုးစီမံချက် အပါအဝင်ပြည်ပမှ ဝယ်ယူ တင်သွင်းလာသော မော်တော်ယာဉ်များအပေါ်လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့် ၂၀၁၁ခုနှစ် အောက်တိုဘာ (၂၅)ရက်မှ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်အထိ (၂၈)လတာကာလအတွင်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကျသင့်ခွန်များကို စည်းကြပ် ကောက်ခံ၍ ထုတ်ပေးပြီးဖြစ် သည့် ယာဉ်စီးရေမှာ(၂၆၆၂၄၂)စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန်(၄၇၆၅၅၆.၈၂)ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန်(၄၉၀၃၁၈.၁၈)ကျပ်သန်း စုစုပေါင်း (၉၆၆၈၇၅)ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည်။



အဆိုပါအကောက်ခွန် (CD)နှင့်ကုန်သွယ်လုပ်ငန်းခွင် (CT)များစည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီး ဖြစ်သည့်ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး လဲလှယ်ရေးစီမံချက်အတွက် (၈၃၅၃၂) စီး၊ ကားအရောင်းပြခန်းများအတွက် (၆၁၂၇၅)စီး၊ သင်္ဘောသားပါမစ်ဖြင့် တင်သွင်းမှုများ အတွက် (၂၈၁၈)စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပါမစ်ဖြင့်တင်သွင်းမှုများအတွက် (၂၈၆)စီး၊ကုမ္ပဏီပါ မစ်ဖြင့် တင်သွင်းမှုများအတွက် (၇၃၀)စီး၊ ပြင်ပနေအလုပ်လုပ်သူများ ပါမစ်ဖြင့်တင်သွင်းမှု များ အတွက်(၄၃)စီး၊ ဟိုတယ်ခရီးဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများအတွက် (၁၉၉၇)စီး၊ စစ်သံအမှု ထမ်းပါမစ် ဖြင့်တင်သွင်းမှုများအတွက် (၁၀၈)စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူပါမစ်ဖြင့် တင်သွင်းမှု များအတွက် (၁၁၅၄၅၃)စီးတို့ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

No comments:

Post a Comment