Pages

22.2.14

တစ်ကိုယ်တော်တေးစီးရီးအတွက် ပြင်ဆင်နေပြီဖြစ်တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင်နေခြည်လင်းလဲ့


Saturday, February 22, 2014

ချစ်စဖွယ်ကောင်းတဲ့ မျက်နှာပေါက်ဟန်ပန်လေးကို ပိုင်ဆိုင်ထားတဲ့
မော်ဒယ်လ်၊ သရုပ်ဆောင်နေခြည်လင်းလဲ့ကို လတ်တလော သူ့ရဲ့အနု
ပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘အခုလက်ရှိမှာ ညီမဟောက်စ်ဆင်းနေရတဲ့အတွက် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာ နည်းပါတယ်။ အလုပ်သင်ဆရာဝန်ကို ဇွန်လအထိ လုပ်ကိုင်သွားရမှာပါ။ ပညာရေးပြီးဆုံးသွားပြီဆိုရင်တော့ အနုပညာ
အလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်သွားမယ်။ ပြီးတော့ ညီမရဲ့
တစ်ကိုယ်တော် တေးစီးရီးအတွက်လည်း အကောင်အထည်ဖော်ဖြစ်သွား
မှာပါ။ ညီမအခု တေးရေးဆရာတွေ နဲ့သီချင်းတွေ အပ်ထားပါတယ်။ ရတဲ့သီချင်းတွေကိုလည်း အသံသွင်းဖြစ်နေပါတယ်။ 


တစ်ကိုယ်တော် တေးစီးရီးအတွက် ဆောင်ရွက်နေတယ် ဆိုပေမဲ့ အတွဲခွေတွေ ဆိုဖို့ရှိရင်လည်းဆိုဖြစ်သွားမှာပါ။ တစ်ကိုယ်တော်စီးရီး
အတွက်ကိုတော့ သီချင်းတွေကို ဖြည်းဖြည်းချင်းပဲ စုနေပါတယ်။ ညီမအသံက နည်းနည်းသြတဲ့အတွက် တေးရေးဆရာတွေက ညီမအသံနဲ့
လိုက်မဲ့ သီချင်းတွေကိုပဲ ရေးပေးနေပါတယ်။ ညီမသင်္ကြန်တွေ မှာသီချင်း
ဆိုလာခဲ့တာ ခြောက်နှစ်လောက်ရှိခဲ့ပြီဆိုတော့ ပရိသတ်တွေကလည်း သီချင်းဆိုဖို့ကို တောင်းဆိုလာကြတယ်လေ။ ကိုယ်ကိုတိုင်ကလည်း သင်္ကြန်မှာ သီချင်းဆိုတဲ့အခါ ကိုယ်ပိုင်သီချင်းလေးတွေ ရှိချင်တယ်။

မော်ဒယ်လ်မလုပ်ခင်ကတည်းက ဂီတဘက်ကိုဝါသနာပါခဲ့တာပါ။ ဒါပေမဲ့ ညီမအနေနဲ့ ဂီတဘက်အပြင် ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်း
လာခဲ့ရင်လည်း ရိုက်ဖြစ်သွားမှာပါ’လို့ သူမက ဆိုပါတယ်။

Trend Myanmar

No comments:

Post a Comment