Pages
▼
22.2.14
ကေတီဗီနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များကို အခွန်အဖွဲ့ စတင်စစ်ဆေး
Saturday, February 22, 2014
အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က ကေတီဗီနှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များ၏ နေ့စဉ် ရောင်းချရသည့် အမြတ်ငွေများနှင့် သတ်မှတ်ထားသည့် အခွန်ဥပဒေများအတိုင်း အတိအကျ ပေးဆောင်ခြင်း ရှိ မရှိကို လိုက်လံ စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ကြီး ၇၀ ခန့်ကို လိုက်လံ ကွင်းဆင်း စစ်ဆေးမည် ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှ စတင်စစ်ဆေးခြင်း ဖြစ်ပြီး စားသောက်ဆိုင်ငယ် များကိုမူ စစ်ဆေးမည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စားသောက်ဆိုင် လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည် ဆိုခြင်းကို အသိပေးထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ရန်ကုန်မြို့တွင် စင်တင်တေးဂီတ စားသောက်ဆိုင် ၁၄ ဆိုင်၊ ကေတီဗီ ၃၉ ဆိုင်နှင့် စားသောက်ဆိုင် ၄၂၀ ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment