Pages

17.2.14

ဥက္ကံ အစ္စလာမ် ကျောင်းဝင်းမှ တရားမဝင် အဆောက်အအုံများ ဖယ်ရှားရန် ဒေသခံများ တိုင်ကြား


Monday, February 17, 2014

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ရန်ကုန်- ပြည်လမ်းဘေးရှိ အစ္စလာမ် မိဘမဲ့ ကလေးများ ပြုပြင် ထိန်းသိမ်းရေး စာသင် ကျောင်းဝင်းအတွင်း တရားဝင် ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်နေမှုကို ဖယ်ရှားပေးရန် ဒေသခံ ပြည်သူများက မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် သာသနာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တိုင်ကြားထားကြောင်း ဒေသခံ ဦးမင်းမင်းထွန်းက ပြောကြားသည်။

ယင်းအဆောက်အအုံများ ဆောက်လုပ်နေသည်ကို သိရှိသော်လည်း အထက် အဆင့်ဆင့်၏ ခွင့်ပြုချက် ရရှိခြင်း ရှိ၊ မရှိ မသိရှိကြောင်း၊ ရပ်ကွက်အတွင်း သမားရိုးကျ ဆောက်လုပ်ခြင်းသာ ဖြစ်သည်ဟု ယူဆ၍ တားမြစ်ခြင်း မရှိဘဲ သက်ဆိုင်ရာ မြို့နယ် အဆင့်ဆင့်သို့ သတင်း မပို့ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။

အဆိုပါ စာသင်ကျောင်းဝင်း အတွင်း ဆယ်ပေ ပတ်လည် ၂ ခန်းတွဲ နှစ်ထပ် အုတ်ဖိနပ်၊ ထရံကာ သွပ်မိုး အဆောက်အအုံ တစ်လုံး၊ ၁၂ ပေ ပတ်လည် ၁ ထပ် အုတ်ဖိနပ်၊ ထရံကာ သွပ်မိုး အဆောက်အအုံ နှစ်လုံးနှင့် လတ်တလော ၂၅ ပေ ပတ်လည် အဆောက်အအုံများ အတွက် ဖောင်ဒေးရှင်း နှစ်ပေခွဲ အုတ်တက်စ အဆောက်အအုံများ တွေ့ရှိခဲ့သဖြင့် ဆက်၍ မဆောက်ရန် တားမြစ်ခဲ့ပြီး ဓာတ်ပုံ မှတ်တမ်းများကို သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာန ရုံးများသို့ ပေးပို့ အသိပေးထားကြောင်း တိုင်ကြားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သွားရောက် စစ်ဆေးခဲ့သူ မြို့နယ် သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းဌေးက ဆိုသည်။

အဆောက်အအုံ ဆောက်လုပ်ရန် တရားဝင် စာတင်ထားခြင်း မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်ရှိ မိဘမဲ့ ကလေးများ ထိန်းသိမ်းရေး စာသင်ကျောင်းတွင်းတွင် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့် ထုတ်ပြန်ထားခြင်း မရှိကြောင်း မြို့နယ် စည်ပင်သာရေးအဖွဲ့ရုံး တာဝန်ရှိသူက ပြောကြားသည်။
www.facebook.com/mmcities
Reposted by panei
Credit to The Voice Weekly

No comments:

Post a Comment