Pages

26.2.14

မြန်မာလူငယ်တွေ စီးပွားရေးမှာ စွန့်ဦးတီထွင်နိုင်ဖို့ သင်တန်းများဖွင့်တော့မည်



မြန်မာလူငယ် စွန့်ဦးတီထွင်သူတွေကို မွေးထုတ်ဖို့အတွက်
ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စုက
အင်ဒီယားနားတက္ကသိုလ် ကယ်လီစီးပွားရေးကျောင်းတို့ပူးပေါင်းပြီး
သင်တန်းတွေ ဖွင့်လှစ်ပါတော့မယ်။



စွန့်ဦးတီထွင်ဦးဆောင်မှုအစီအစဉ်နဲ့
သင်တန်းအားဖြင့်တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့ ပရိုဂရမ်ကို
အကောင်အထည်ဖော်ဖို့ USAID က
၃နှစ်စာ အမေရိကန်ဒေါ်လာ ၁.၃သန်း ကူညီမှာလည်းဖြစ်တယ်လို့
ဖေဖော်ဝါရီ ၂၄ရက်မှာ ကြေညာခဲ့ပါတယ်။

HP Learning Initiative for Entrepreneurship Center ၁၂ ခု ကို
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ မန္တလေး နေရာ ၄ခုမှာ
တည်ထောင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကြေးကိုတော့
အားလုံးတတ်နိုင်တဲ့နှုန်းထား သတ်မှတ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံရေးတည်ငြိမ်ဖို့
စီးပွားရေးက အချက်အချာကျတာကြောင့်
အမေရိ ကန်ပြည်ထောင် စုက ကူညီလိုတာဖြစ်ပြီး
၂ဝ၁၅နောက်ပိုင်း ဝင်ရောက်လာမယ့်
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုတွေအတွက်
ကြိုတင်ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာ၊
အွန်လိုင်းစီးပွားရေးဆိုင်ရာ သင်တန်းတွေဖြစ်ပြီး
မြန်မာနိုင်ငံမှာ ဒီလိုသင်တန်းမျိုးဖွင့်လှစ်ရတဲ့အတွက်
စိတ်လှုပ်ရှားဝမ်းမြောက်မိတဲ့အကြောင်း၊
ကမ္ဘာကြီးနဲ့ချိတ်ဆက်နိုင်ဖို့ ဖြစ်တယ်လို့
အင်ဒီယားနားတက္ကသိုလ်ရဲ့ ဥက္ကဌပြောဆိုချက်ကို
အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Credit > Kamayut Media

No comments:

Post a Comment