Pages

26.2.14

အီစတန်ဘူလ်တွင် ချယ်လ်ဆီး ပရိသတ်နှစ်ဦး ဓားထိုးခံရ


ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ် ပွဲစဉ် မကစားမီ အသင်း ပရိသတ် နှစ်ဦး တူရကီ၌ ဓားထိုး ခံခဲ့ရကြောင်း သိရှိရသည်။

တူရကီ ဘောလုံး ပရိသတ်များနှင့် အင်္ဂလန် ဘောလုံး ပရိသတ်များကြား ရန်စများသည် ယခင်ကတည်းက တည်ရှိနေခဲ့ပြီးဖြစ်ကာ ယနေ့ည ပွဲစဉ်မတိုင်မီတွင် ဂါလာတာဆာရေး ပရိသတ်များ လက်ချက်ကြောင့် ချယ်လ်ဆီး ပရိသတ်နှစ်ဦး ဒဏ်ရာ ရခဲ့ခြင်း ဖြစ်သည်။ တစ်ဦးမှာ ခြေထောက်တွင် ဓားထိခဲ့ပြီး ကျန်တစ်ဦးလည်း ဓားဒဏ်ရာတစ်ချက်ရကာ တက်ခ်ဆင်မ် ရင်ပြင် အနီးတွင် ရိုက်နှက် ရန်ပြုခံခဲ့ရကြောင်း သိရသည်။ အီစတန်ဘူလ်သည် လိဒ်စ်ယူနိုက်တက် ပရိသတ်(၂)ဦး (၂၀၀၀)ပြည့်နှစ်က ဓားဖြင့် အသေထိုးသတ် ခံရသည့် နာမည်ဆိုးဖြင့် ကျော်ကြားဖူးသော မြို့လည်းဖြစ်သည်။


ယခု တိုက်ခိုက်ခံရသော ချယ်လ်ဆီး ပရိသတ် နှစ်ဦးမှာမူ ဆိုးဆိုးရွားရွား ဒဏ်ရာ မရခဲ့ဟု ယူဆရသည်။ အဆိုပါ ပရိသတ် နှစ်ဦးလုံး ဆေးရုံတက် ကုသမှု ခံယူခြင်းမျိုး မရှိခဲ့ချေ။ ကလပ် အသင်းအနေဖြင့်မူ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အလေးထား လေ့လာလျှက်ရှိသည်။ ချယ်လ်ဆီးနှင့် ဂါလာတာဆာရေး တွေ့ဆုံမှုသည် ချယ်လ်ဆီး အသင်း၏ ကစားသမားဟောင်း ဒီဒီရာဒရော့ဂ်ဘာနှင့် အသင်းဖော်ဟောင်းများ ဆုံဆည်းမှု အဖြစ် ကြည်နူးစရာ ရှိသော်လည်း တူရကီ ပရိသတ်များ အမြင်တွင်မူ ယင်းကဲ့သို့ နွေးထွေးမှုမျိုး ဖြစ်ပေါ်မနေခဲ့ချေ။

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်း အဆင့်တွင် အင်္ဂလန်(၄)သင်း တက်ရောက်လာပြီး ရှေ့ပွဲစဉ် ကစားထားသည့် (၃)သင်းလုံး ရှုံးနိမ့်ထားသည့်နောက် ချယ်လ်ဆီး၏ အနေအထားမှာ ပရီးမီးယားလိဂ်အတွက် အဓိက မျှော်လင့်စရာ ဖြစ်လာခဲ့သည်။
Ref:Dailymail

Credit to Soccer Myanmar

No comments:

Post a Comment