Pages
▼
17.2.14
မန္တလေးတွင် ကိုမြအေးကို စာပေဟောပြောခြင်း မပြုရန် ကန့်ကွက်
မန္တလေး၊ ဖေဖော်ဝါရီ ၁၇
မန္တလေးတွင် မဟာအောင်မြေမြို့နယ် ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား ဟေမာဇလ ရပ်ကွက်၊ မျက်ပါးရပ်၊ ဖျာတန်းဓမ္မာရုံ အနီးတွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ ပြုလုပ်သော စာပေဟောပြောပွဲတွင် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုမြအေးကို ဟောပြောမှု မပြုလုပ်ရန် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဟောပြောပွဲ စီစဉ်သူများထံမှ သိရသည်။
ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ပြုလုပ်သော ဟောပြောပွဲ ပထမနေ့တွင် စာရေးဆရာ မောင်သွေးသစ်၊ ညီမင်းညိုနှင့် ကိုမြအေးတို့ ဟောပြောရန် စီစဉ်ထားသော်လည်း သံဃာအချို့က ကိုမြအေး ဟောပြောခြင်း မပြုရန် ကန့်ကွက်မှုကြောင့် ကိုမြအေးအစား မန္တလေးမြို့ခံ စာရေးဆရာ နေဝင်းမြင့်က အစားထိုး ဟောပြောခဲ့ကြောင်း ပွဲစီစဉ်သူ မဟာအောင်မြေမြို့နယ် NLD လူငယ်အဖွဲ့ဝင် ဦးကျော်စိုးဆွေက ပြောကြားသည်။ “အစ္စလာမ် ဘာသာဝင်ဖြစ်လို့ ကန့်ကွက်တာပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး” လာရောက် ကန့်ကွက်သူ သက်တော် ၃၀ အရွယ် ဦးစန္ဒာသီရိက မိန့်ကြားခဲ့သည်။
The Voice Weekly
http://www.themeltingpot4u.com/2014/02/blog-post_159.html

No comments:
Post a Comment