Pages

24.2.14

ဘောင်းဘီတိုတွေနဲ့ အေးအေးလူလူဖြစ်စေမယ့် ဖက်ရှင်မျိုးကို သဘောကျတဲ့ လဲ့ယမင်း

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် တွေ့လာရတဲ့ ဖိုတိုမော်ဒယ်တွေထဲက ခုတလောပေါ်ပြူလာဖြစ်လာတဲ့ လဲ့ယမင်း ဆိုတဲ့ ကောင်မလေးကို ဖေ့စ်ဘွတ်ခ်နဲ့ အကျွမ်းတ၀င်ရှိနေပြီသား လူငယ်တွေ သိထားပြီး ဖြစ်မှာပါ။ ဆံပင်ပုံစံကြောင့်ရော၊ သူမရဲ့အကြည့်တွေကြောင့်ပါ အားလုံးကို ငေးသွားစေမယ့် လဲ့ယမင်းရဲ့ ဖက်ရှင်အကြောင်း နည်းနည်းမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘နွေရာသီက ပူတော့ ပေါ့ပေါ့ ပါးပါးနဲ့ ဘော်ဒီဖစ် လေးတွေတော့ ၀တ်ဖြစ်မယ် ထင်ပါတယ်။ ဘောင်းဘီတိုလေးတွေနဲ့ ၀တ်ရတာ ပေါ့ပါးပြီး အေးအေး လူလူရှိမယ့် ဖက်ရှင်တွေကို ရွေးချယ်ဖြစ်မှာပါ။ ကာလာတွေကတော့ မော်ဒယ်လ်စိမ်းရောင်၊ ပန်းရောင်တောက်တောက်တွေ သဘောကျနေတယ်။ နွေရာသီဆိုရင်တော့ အပေါ်က ပေါ့ပေါ့ပါးပါး အကျီင်္အရှည်လေးနဲ့ အောက်က ဘောင်းဘီတိုလေးဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်’တဲ့။ လဲယမင်းက သူမရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး ရှော့ပင်းစင်တာတွေ သွားရတာထက် အွန်လိုင်းရှော့ပင်လုပ်ရတာ နှစ်ခြိုက်တယ်လို့လည်း သိရပါတယ်။

Trend Myanmar

No comments:

Post a Comment