Pages

16.2.14

ဆော်ဒီမင်းသားနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ပါကစ္စတန်နိုင်ငံကို သွားရောက်လည်ပတ်


16/2/2014

ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့စံနဲ့ ကာကွယ်ရေးဝန်ကြီး မင်းသား ဆယ်လ်မန် ဘင် အဗ်ဒူလာဇစ် အယ်ဆာအိဟာ ပါကစ်စတန်နိုင်ငံကို ၀န်ကြီးချုပ် နာဝပ်ဇ် ရှရစ်ဖ် ရဲ့ ဖိတ်ကြားချက်နဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရောက်လာပါတယ်။

အိမ်ရှေ့စံရဲ့ ပါကစ္စတန်ကို ၃ရက်ကြာ အလည်အပတ်ခရီးဟာ ကာကွယ်ရေးဝန်ကြီး ရာထူးကို ရအပြီး ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာပါ။

စီးပွားရေးနဲ့ စီမံကိန်းဝန်ကြီး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အပါအ၀င် တခြားအရေးကြီးတဲ့ စီးပွားရေးသမားတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး လာတာလည်း ဖြစ်ပါတယ်။

ဆော်ဒီ အိမ်ရှေ့စံဟာ ပါကစ္စတန် သမတ မာနွန်း ဟတ်စိန်၊ ၀န်ကြီးချုပ် နာဝပ်ဇ် ရှာရှစ်ဖ်နဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာဟီးလ် ရှာရစ်ဖ်တို့နဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဆော်ဒီအာရေဗျကို ပါကစ္စတန် အလုပ်သမားတွေ ခေါ်ဆောင်မှုနဲ့ ဆော်ဒီအာရေဗျရောက် ပါကစ္စတန် လူ့အဖွဲ့အစည်းအတွက် ဘ၀နေထိုင်မှု တိုးမြှင့်ရေး နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံတွင်း ပါကစ္စတန်နိုင်ငံသား ခန့်မှန်းခြေ တသန်းခွဲလောက် ရှိပြီး ဒီရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နှစ်စဉ် အိမ်ပြန်ပို့ငွေဟာ အမေရိကန်ဒေါ်လာ လေးဘီလျံလောက် ရှိတာပါ။ ပါကစ်စတန်နိုင်ငံဟာ ဆော်ဒီအာရေဗျကို လက်နက်ရောင်းဖို့လည်း စိတ်ဝင်စားနေ တယ်လို့ သတင်းတွေက ဆိုပါတယ်။

DVB

No comments:

Post a Comment