Pages

25.2.14

ဒူဘိုင်းအိုးပင်း တင်းနစ်ချန်ပီယံဆု ဗီးနပ်စ်ဝီလီယံဆွတ်ခူး



ယခင် ကမ္ဘာ့နံပါတ်တစ် အဆင့်ရှိ တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံသည် ဖေဖော်ဝါရီ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ဒူဘိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့ ၂၆ အဆင့်ရှိ ပြင်သစ်တင်းနစ် မယ် အေလစ်စ်ကော်နက်
အား အနိုင်ကစားပြီး ချန်ပီယံဆုနှင့်အတူ ဆုငွေ ၄၇၁၈၄၁ ဒေါ်လာကို ဆွတ်ခူး ရရှိသွားကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် လက်ရှိ ကမ္ဘာ့နံပါတ် ၄၄ အဆင့်ရှိ ဝီလီယံသည် အသက် ၂၄ နှစ်အရွယ်ရှိ ကော်နက်အား ၆-၃၊ ၆-ဝ မှတ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးသွားခြင်း ဖြစ်သည်။ ယင်းဆုသည် အသက် ၃၃ နှစ် အရွယ်ရှိ ဝီလီယံ၏ တတိယမြောက် ဒူဘိုင်းအိုးပင်း တင်းနစ်ပြိုင်ပွဲ၏ ချန်ပီယံဆုဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment