Pages

10.2.14

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပြင်ဆင်ရေး လူ ၃ဝဝခန့် မန္တလေးတွင်ဆန္ဒဖော်ထုတ်

၂ဝဝ၈ ဖွဲ့စည်းပုံ အခြခံဥပဒေ အမြန်ဆုံးပြင်ဆင်ရေးဆွဲရေးအတွက် မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် ၈၆လမ်းနှင့် ၁၂လမ်းတွင် နံနက် ၁ဝနာရီ၁၅မိနစ်ခန့်မှ ၁၁နာရီ ၄၅မိနစ် အထိလူငယ်၃ဝဝခန့်ဆန္ဒဖော်ထုတ် ခဲ့သည်။ ဆန္ဒဖော်ထုတ်ခြင်း၏ အဓိက အကြောင်းရင်းသည် ပုဒ်မ၅၉(စ)နှင့် ၅၉(ဃ)ဖျက်သိမ်း ရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို တွန်းအား ပေးခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်း ဆောင်များထံမှ သိရသည်။

''ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ရပ်ကွက်တွေမှာ ပြည် သူလူထုတွေသိအောင် ကျွန်တော်တို့ အနေနဲ့ လိုက်ရှင်းပြတယ်။
အဲလို လိုက်ရှင်းပြတဲ့အခါမှာ တော်တော် များများလဲ စိတ်ဝင်စားတယ်။ ပြည်သူတွေနဲ့ ဘယ်လိုပတ်သက် တယ်ဆိုတဲ့ သဘောတရားတွေကို သိလာတဲ့အခါကျတော့ ဖွဲ့စည်းပုံမှာ
ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းလေးတွေ
နှိုင်းယှဉ်ပြီးတော့ ပြလိုက်တယ်။ နောက်တစ်ခါ ဖွဲ့စည်းပုံမှာ တပ် မတော်ရဲ့ အခန်းကဏ္ဍတွေပြလိုက် တဲ့အခါကျတော့ သဘောပေါက် သွားကြတာပေါ့။ အဲ့ဒီအခါ သူတို့ အနေနဲ့ ဒီဖွဲ့စည်းပုံကိုတော့ ပြင်ချင် လာကြတယ်။ အဲဒီမှာ ကျွန်တော် တို့တရားဝင်ခွင့်ပြုမိန့်တင်ပြီးတော့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကျွန်တော် တို့ ဒီလိုဆန္ဒဖော်ထုတ်တဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တွေက ပြည်သူတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ပြင်ဆင် ချင်နေကြတယ်ဆိုတာကို သက်ဆိုင် ရာ ပုဂ္ဂိုလ်တွေကနေသိပြီး အမြန် အကောင်အထည်ဖော် ပေးလိမ့် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖော် ထုတ်ခြင်းဖြစ်ပါတယ်''ဟု ဆန္ဒပြ ခေါင်းဆောင်ဦးဌေးဝင်းက ပြော သည်။

လူအင်အား တစ်ထောင်ဖြင့် အောင်မြေသာဇံမြို့နယ်တွင် ငြိမ်း ချမ်းစွာ စီတန်းလမ်းလျှောက်ခဲ့ သော်လည်း ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူ များညှိနိုင်းပြီး ငြိမ်းချမ်းစွာစုဝေး ခွင့် ၂နာရီရရှိခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ခြင်း သည် မန္တလေးမြို့တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ပြည်သူလူထုဆန္ဒ အများဆုံးပါဝင်ကြောင်း၊ လက်ရှိ အစိုးရဘက်တွင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပိုမို အလေးထားလုပ်ဆောင်ပေးစေလို ကြောင်း ဆန္ဒဖော်ထုတ်သူများက ကြွေးကြော်ခဲ့ကြသည်။

The Union

No comments:

Post a Comment