Pages

10.2.14

တိုင်းရင်းသားဘာသာဖြင့်အခြေခံပညာမူလတန်းသင်ကြားရေး ကယားပြည်နယ်၌ ဆရာ၊ဆရာမလုံလောက်မှုရှိရန်ဆောင်ရွက်

အခြေခံပညာမူလတန်းကျောင်း ပေါင်း ၉၅ကျောင်းခန့်ရှိသော ကယားပြည်နယ်တွင် ကယားတိုင်း ရင်းသားဘာသာဖြင့် မူလတန်း သင်ရိုးအားသင်ကြားပေးနိုင်မည့် ဆရာ၊ ဆရာမအင်အားလုံလောက် မှုရှိရန် ဆောင်ရွက်နေကြောင်း ကယားဘာသာပြန်အဖွဲ့မှ ဆရာ တစ်ဦးက ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
အဆိုပါ ကယားဘာသာပြန် အဖွဲ့သည် အခြေခံပညာသင်ရိုး ညွှန်းတမ်းများကို ကယားဘာသာ သို့ ပြန်ဆိုခြင်းနှင့် သင်ကြားနိုင် မည့်ဆရာ၊ ဆရာမများအား သင် ကြားနည်းများ သင်တန်းပို့ချပေး လျက်ရှိကြောင်း သိရသည်။

''ကယားဘာသာအတွက် TOT သင်တန်းပေးထားပြီးတာ လွိုင်ကော်မြို့နယ်မှာ ဆရာ၊ ဆရာမ ၁ဝဝကျော်၊ ရှားတောမြို့နယ်မှာ ၃ဝကျော်ရှိပြီး ထပ်ပြီးတော့လဲ သင်တန်းပေးနေပါတယ်''ဟု ကယားဘာသာပြန်အဖွဲ့မှ ဆရာဦး မိုးဇက်အောင်လေးက ပြည်ထောင် စုနေ့စဉ်သို့ ပြောသည်။

''ကိုယ့်ဘာသာနဲ့ကိုယ်သင်ရ ရင် ကိုယ့်အမျိုးဘာသာ၊ သာသနာ၊ စာပေတွေကို ပိုသိလာနိုင်တာ ပေါ့''ဟု လွိုင်ကော်မြို့မှ
ဒေသခံ ကျောင်းသားမိဘတစ်ဦးကဆိုသည်။

ကယား၊ ကယန်းနှင့် ကယော ဘာသာစကားများဖြင့် အဓိကပြော ဆိုသုံးနှုန်းသော ကယားပြည်နယ် တွင်လက်ရှိအနေအထား၌ ကယန်း ဘာသာဖြင့် အခြေခံပညာသင်ရိုးကို သင်ကြားခွင့်ပြုနေပြီး ကယား ဘာသာနှင့်ကယောဘာသာတို့ဖြင့် သင်ကြားခွင့်ရရန် ညှိနှိုင်းလျက် ရှိကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment