Pages

21.2.14

ဒေါက်တာအေးမောင်လုပ်ကြံခံရမှု အာဆီယံအပါအဝင် အင်တာပိုနှင့် မလေးရှားရဲ ပူးပေါင်းဖော်ထုတ်မည်


ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်လုပ်ကြံခံရမှု၊ ၈၈မျိုး ဆက်နှင့် မျိုးဆက်သစ်လူ့အဖွဲ့အ စည်း(မလေးရှား)မှ မူဝါဒရေးရာ ခေါင်းဆောင် ကိုအောင်ကြီးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် မလေးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မူဆလင်များအကြား မကျေလည်မှုမဖြစ်ပေါ်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီးကပ်လုပ်ဆောင်သွားမည်ဟု မလေးရှား ရဲထောက်လှမ်းရေးမှူးချုပ် ဘေကာ၏ ပြောကြားချက်ကို မလေးရှား သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။

ယင်းရဲထောက်လှမ်းရေးချုပ်က Interpol ၊ Aseanpol သူတို့နှင့် အနီးကပ် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်မူဆလင်များအကြား မကျေလည်မှုများ မလေးရှားနိုင်ငံသို့ ကူးစက်မလာစေရန် ကာကွယ်မှုပြုလုပ် သွားမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

မလေးရှားရဲထောက်လှမ်းရေးမှူးချုပ်ဘေကာက ''ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံသား အရေအတွက် မနည်းလှပါဘူး။ ဒီနိုင်ငံမှာ တခြားကိစ္စအရေးအခင်းတွေကြီးထွားလာမှာကို မလိုလားဘူး။ဒါကြောင့် ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားချက်ကို အ့နာေူပောငေူသညူငညန ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင် တို့ ဦးဆောင်သည့် အဖွဲ့ဝင်ခြောက်ဦးမှာ ကွာလာလမ်ပူမြို့ လာယတ်လ်ဈေး
ဝယ်စင်တာအနီးတွင် ဆိုင်ကယ်ပေါ်မှ လုပ်ကြံသတ်ဖြတ်သူ၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။

ထို့ပြင် ၈၈မျိုးဆက်မှ ကိုအောင်ကြီးမှာ လည်ပင်းနှင့် ဦးခေါင်းတို့တွင် ဓားဒဏ်ရာများဖြင့်လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ယင်း၏ခန္ဓာကိုယ်အား ဗာစညေါလမ်းမကြီးနံဘေးတွင် ရပ်ထားသည့်နစ်ဆန်းကားထဲတွင် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

ယင်းသတ်ဖြတ်ခံရခြင်းအတွက် မလေးရှားရဲတပ်ဖွဲ့သည် ဃဃွှဠ များမှတစ်ဆင့် ခြေရာခံလိုက်နေသလို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအကူအညီကိုလည်း ရယူနေသည်ဟု အ့နာေူပောငေူသညူငညန ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

--------------------------------

Post By Yangon Media Group

No comments:

Post a Comment