၂၁.၂.၂၀၁၄၊ သောကြာနေ့
လာမည့်မတ်လအတွင်း ပြုလုပ် မည့် ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက် ယူမည့် အစီအစဉ်အား သတ်မှတ်ရက်ရွှေ့ ဆိုင်းပေးရန် တိုင်းရင်းသားအဖွဲ့အစည်း ၃ဝ ကျော်က သဘောထား ကြေညာချက်ထုတ် ပြန်လိုက်ကြောင်း သိရသည်။
မတ်လအတွင်း ပြုလုပ်မည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်းကောက်ယူမည်
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန် ဂျာက ''လူမျိုးနာမည်တွေကို ကုတ်နံပါတ် တွေခွဲပြီး သတ်မှတ်လိုက်တဲ့ မျိုးနွယ်စုတွေ ကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်စေ ပါတယ်။ ဒီလို တိုင်းရင်းသားလူမျိုးတွေအ တွက် စိတ်ကျေနပ်မှုမရှိရင် နောက်ဆက် တွဲပြဿနာတွေက နောက်ထပ် ၁ဝ နှစ် ၁၅ နှစ်အထိ ဖြေရှင်းလို့ပြီးနိုင်မှာ မဟုတ် ဘူး''ဟု ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး
ရှမ်းတိုင်းရင်းသားစိုင်းစောသန်
ယင်းကဲ့သို့ပင် မွန်လူမျိုးများတွင်လည်း တိုင်းရင်းသား
အမည် နာမ လွဲမှားဖော်ပြမှုများရှိနေကြောင်
ကရင်ရေးရာကော်မတီမှ စော ကျော်စွာက''ကျွန်တော်တို့ ကရင်လူ မျိုး ကံဘားဆိုရင် ကယားလူမျိုးအုပ် စုထဲပါသွားတယ်။ လူဝင်မှုကြီးကြပ် ရေးမှာ ကံဘားဟာကရင်လူမျိုးဖြစ် နေတယ်။ ဒါကိုသန်းခေါင်စာရင်း မကောက်ခင်ပြန်လည်ပြင်ဆင်ဖို့ အ ချိန်မရှိတော့ဘူး'' ဟုပြောသည်။
ယင်းကဆက်လက်ပြီး ''ဘယ် လိုနည်းနဲ့ဖြစ်ဖြစ် အခုလိုသာ သန်း ခေါင်စာရင်းကောက်ယူလိုက်ရင် နိုင်ငံ ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဖြစ် လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူမျိုးစုအရေအတွက်နည်းသွားရင် တိုင်းရင်းသားရေးရာဝန်ကြီးမထားန
သို့ဖြစ်၍ ဗဟိုသန်းခေါင် စာ ရင်းကော်မရှင်အနေဖြင့် တိုင်းရင်း သားအဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းပြီးမှသာ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူ ခြင်းပြုလုပ်ပါရန် တောင်းဆိုခြင်း ဖြစ်ကြောင်းသိရသည်။
Yangon Media Group
No comments:
Post a Comment