Pages

15.2.14

ကျေးလက်ဒေသတွင် အသက်မွေးရန်နှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးအတွက် ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေ ကန်ဒေါ်လာ၂၂သန်းပေးအပ်

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းနှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန် ဒေါ်လာ ၂၂သန်းကို ဂျပန်အစိုးရက ဖေဖော်ဝါရီလ ၁၄ရက်တွင် ဂျပန်နိုင်ငံ ရန်ပုံငွေပရိုဂရမ် (JFPR )မှ တစ်ဆင့် ပေးအပ်ခဲ့သည်။

ဂျပန်နိုင်ငံမှ ပေးအပ်သော ရန်ပုံငွေဖြင့် အဆိုပါ လုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံ အစိုးရနှင့် အာရှဖွံ့ ဖြိုးရေးဘဏ် တို့က ဖေဖော်ရီလ ၁၄ရက်တွင် အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ IBC၌ သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

ထို့အပြင် ဂျပန်နိုင်ငံမှ အသက်မွေးဝမ်းကျောင်းအတွက် ထောက်ပံငွေ အမေရိကန်ဒေါ်လာ ၁၂သန်းနှင့် အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၁၀သန်းကို ပေးအပ်မည်ဖြစ်သည်။

အာရှဖွံဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr Putu Kamayanmက" အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက် အထောက်အပံ့က ရောဂါ ကုသရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုပြီး အားကောင်းလာအောင် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ" ဟု ပြောသည်။

အသက်မွေးဝမ်းကျောင်း ထောက်ပံငွေ အမေရိကန်ဒေါ်လာ ၁၂သန်းကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ၊ အလယ်ပိုင်းခြောက်သွေ့ဇုန်၊ တနသာင်္ရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အသုံးပြုသွားမည်ဖြစ်သည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလတ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ငွေက " အခုထောက်ပံကြေးကနေပြီး ရပ်ရွာ ပြည်သူတွေရဲ့လိုအပ်ချက်အလိုက် ဦးစားပေး စီမံကိန်းတွေ ချမှတ်ပြီး
နိုင်ငံရေး ၊စီးပွားရေး၊ ပြုပြင်ပြောငးလဲမှုတွေကနေ ကျေးလတ်နေပြည်သူတွေ အကျိုး ခံစားခွင့်ရစေဖို့ ရပ်ရွာရန်ပုံငွေ ကတစ်ဆင့် ဆောင်ရွက်သွားမှာပါ" ဟု ပြောသည်။

ဆင်းရဲမှု လျော့ချရေး အတွက် ပေးအပ်သည့် ရန်ပုံငွေများဖြင့် ကျန်းမားရေး ဝန်ဆောင်မှု နည်းပါသည့် ဒေသများတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲ ၄၇ခု တည်ဆောက်ခြင်း၊ မြို့ နယ်ဆေးရုံ ၃ခုကို
ပြင်ဆင်မွမ်းမံခြင်း၊ ဆေးဝါးကုသမှု ပစ္စည်းများနှင့် ကျန်းမာရေးသင်တန်း ပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment