“Miss Supranational Myanmar 2014 နဲ့ Miss Grand Myanmar 2014 ကို သရဖူဆောင်းပေးကြမှာ ပါ” ဟု Miss Golden Land Myanmar Organization မှ ဒါရိုက်တာ ကိုဝေယံအောင်ကပြောသည်။
ယင်း Miss Golden Land Myanmar 2014 ကို Miss Golden Land Myanmar Organization က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး Miss Supranational Myanmar 2014 နှင့် Miss Grand Myanmar 2014 အပြင် Miss Intercontinental Myanmar 2014 များကို ယင်းနေ့တွင် အပြီးသတ် ရွေးချယ်သွားမည် ဖြစ်သည်။
Miss Supranational 2013 Winner ဆုရ ဖိလစ်ပိုင်နိုင်ငံသူသည် Miss Golden Land Myanmar 2014 ပြိုင်ပွဲတွင် ရွေးချယ်မည့် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သုံးဦးမှ Miss Supranational Myanmar 2014 ဆုရှင်ကို သရဖူ ချီးမြှင့်ပေးမည်ဖြစ်ပြီး ပွာတိုရီကိုနိုင်ငံသူ Miss Grand International 2013 Winner သည် ပြိုင်ပွဲတွင် ရွေးချယ်မည့် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်သုံးဦးမှ Miss Grand Myanmar 2014 ဆုရှင်ကို သရဖူ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။
အဆိုပါပွဲကို မေလနောက်ဆုံးပတ်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ကျင်းပမည့်နေရာကိုမူ သတ်မှတ်မှုမရှိ သေးဘဲ ပြိုင်ပွဲဝင် လျှောက်လွှာများကိုသာ စတင်လက်ခံနေပြီ ဖြစ်ကာ ဧပြီ ၁၀ ရက်တွင် လျှောက်လွှာ များ ပိတ်မည်ဖြစ်သည်။
Miss Supranational Myanmar 2014 သည် TOP(3) Grand Slam စာရင်းဝင် Miss Supranational 2014 ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ခင်ဝင့်ဝါ သွားရောက် ယှဉ်ပြိုင်ခဲ့သည့်ပွဲဖြစ်သည်။ယင
ယင်းပြိုင်ပွဲများမှ ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss Intercontinental Myanmar 2014 သည် ပနားမားနိုင်ငံ တွင် (၄၃)ကြိမ်မြောက် ကျင်းပမည့် အလှမယ် Miss Intercontinental 2014 ပြိုင်ပွဲဖြစ်ပြီး ၎င်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆုရရှိမည့် အလှမယ်ကို ပထမဆုံးအကြိမ်အဖြစ် စေလွှတ်မည့်ပြိုင်ပွဲ တစ်ခုဖြစ်သည် ။
လက်ရှိတွင် Miss Supranational 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် ကမ္ဘာ့နာမည် ကြီးဆုံး အလှမယ် website ဖြစ်သည့် Global Beauties Website က ချီးမြှင့်သော Miss Grand Slam Popularity 2013 ဆုကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၏ Miss Grand Slam ဆုကို Miss World 2013 Winner ဖိလစ်ပိုင်မယ် Megan Young က ရရှိခဲ့ခြင်းဖြစ်သည်။
ခင်ဝင့်ဝါသည် ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ အားလုံး၏ အလှမယ် ၁,၀၀၀ ကျော်အပြင်Miss Universe 2013 ဆုရှင် ဗင်နီဇွဲလား အလှမယ်၊Miss Supranational 2013 နှင့်Miss International 2013 ဆုရှင်များ ဖြစ်ကြသည့် ဖိလစ်ပိုင်အလှမယ်များကို ကျော်ဖြတ်ပြီး စတုတ္ထနေရာကို ရရှိခဲ့သူဖြစ်ပြီး၂၀၁၃ ခုနှစ်၏ လူကြိုက်အများဆုံး အလှမယ်ဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment