Pages

22.2.14

ကျူးကျော်တဲတွေ မဖျက်ဖို့ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြ



ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၁၄ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၆၇ ရပ်ကွက်က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ သူတို့နေထိုင်နေတဲ့ ကျူးကျော်တဲတွေ မဖျက်သိမ်းဖို့နဲ့ တရားဝင်မြေကွက်တွေ ချထားပေးဖို့ ဒီကနေ့ မြို့တော်ခန်းမရှေ့ မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။


ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အုပ်ချုပ်ရေးမှူးက ၆၇ ရပ်ကွက်ကို ဖယ်ရှားပေးဖို့ နဲ့ ရှောင်တခင် ၀င်ရောက်ဖျက်သိမ်းခွင့်ရှိတယ်လို့ အကြောင်းကြားထားတာကြောင့် ဆန္ဒပြတောင်းဆိုတာလို့ အမှတ် ၆၇ ရပ်ကွက်မှာနေထိုင်တဲ့ မထက်ထက်လှိုင်က ပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့နာမည်နဲ့ ကျမတို့ကို သတိပေးစာပို့လိုက်တယ်၊ ၆ ရက်နေ့မှာ ပို့လိုက်တယ်၊ ၁၂ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးဖို့၊ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ဖြစ်တဲ့အတွက် ၁ဝ ရက်နေ့မှာ ဒုတိယစာတစ်စောင် ပြန်ရောက်တယ်၊ ၁၆ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးပါရန်ဆိုပြီး စာကိုရပါတယ်၊ ကျနော်တို့က ဖျက်မိန့်ရထားပြီးသား ဘယ်အချိန်မှာ ဝင်ဖျက်မယ်ဆိုတာတော့ မပြောထားဘူး၊ ရှောင်တခင် ဝင်ဖျက်သိမ်းပါမယ်လို့ ပြောထားတဲ့အတွက် ကျမတို့ပြည်သူတွေ အခုအချိန်မှာ ကျီးလန့်စာစာပြီးနေနေရတယ်၊ အဲဒါကြောင့်မို့ ကျမတို့က နိုင်ငံတော်သမ္မတကြီးသိအောင် ဆန္ဒဖော်ထုတ်တာပါ"

တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေဖြစ်တဲ့ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းတွေ တည်ဆောက်ဖို့အတွက် ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ထဲက အမှတ် ၆၇ ရပ်ကွက်အပါအ၀င် အမှတ် ၆၀၊ ၆၁ နဲ့ ၉၃ ရပ်ကွက်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဖယ်ရှားခိုင်းထားတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

Credit To : RFA Burmese

No comments:

Post a Comment