Pages

28.2.14

စင်္ကာပူစတိုင်(လ်) အွန်လိုင်းပညာသင်စနစ် စမ်းသပ်တပ်ဆင်အသုံးပြုနိုင်ရေး ဆွေးနွေးနေ


မြန်မာ့နိုင်ငံ၏ ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီပညာရေးနစ်သို့ မြင့်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းမှ အခြေခံ ပညာစာသင်ကျောင်များ၌ Online အခြေခံသင်ကြားမှု (MyV & MyE Learning Systems)စနစ်အား ရွေးချယ် စမ်းသပ်တပ်ဆင် သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ ပြုလုပ်ကျင်းပခဲ့သော ပညာပေးဆွေးနွေးပွဲမှ သိရ သည်။

အဆိုပါနည်းပညာမှာ ယခုလက်ရှိအချိန်တွင် စင်္ကာပူအစိုးရနှင့်ပူးပေါင်း၍ စင်္ကာပူပညာရေးကဏ္ဍ၌ ဆောင်ရွက်ရာ အောင်မြင်မှု အလားအလာများ ရရှိထားသည့် စနစ်တစ်ခုဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“မြန်မာနိုင်ငံမှာက အင်တာနက်လိုင်းက မကောင်းဘူး၊ အခုလို Online လိုင်းပညာရေးစနစ်သင်ကြားမှုက အဆင်ပြေနိုင်ပါ့မလား နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အရမ်းအားနည်းနေတယ် ဒီလိုသင်ကြားမှုအပိုင်းက ကလေးတွေအပေါ်မှာ ထိရောက် မှု တကယ်ရှိ့မလား ” ဟု အမှတ်(၃) အခြေခံပညာညွန့်ကြားရးမှုးချုပ် ဦးမင်းဇော်က NKO Groups သို့ မေးမြန်းခဲ့သည်။

အဆိုပါ နည်းစနစ်သို့ မြန်မာနိုင်ငံ၌ လက်တွေ့အကောင်ထည်ဖော်နိုင်ရန် ပညာပေးဆွေးနွေပွဲများကို ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် နေကြယ်ဦီးကုမ္မဏီများအုပ်စုနှင့် ST Electronics (Training & Simulation Systems) တို့နှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ ဆရာ/ဆရမ များ၊ ညွန့်ကြားရေးမှုးများ၊ ပညာရေးတက္ကသိုလ် ဆရာ/ဆရာမလောင်းများသို့ ပညာပေးဆွေးနွေးမူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျောင်းတစ်ကျောင်းမှာ internet နဲ့ချိတ်ဆက်ထားတဲ့ ကွန်ပျုတာတစ်လုံးရှိရင်ရတယ် Wifi NetWork စနစ်နဲ့ ချိတ်ဆက်ပြီး တစ်ခြား ကွန်ပျုတာ၊လက်တော့၊ipad လိုပစ္စညိးမျိုးတွေနဲ့ ချိတ်ဆက်ပြီး သင်ယူလေ့လာနိုင်တယ်၊ ကျောင်းခန်းထဲမှာ အသုံးပြု နေရင်း download ဆွဲပြီးသိမ်းထားနိုင်တယ်၊ နည်းပညာ အားနည်းနေတယ်ဆိုပြီး၊ ဒီအတိုင်းနေလို့ မရဘူး သူများနိုင်ငံတွေက အရမ်းတိုးတက်နေတော့ မြန်မာနိုင်ငံအနေနဲ့ နောက်ကြကျန်ခဲ့နိုင်တယ် ဒါကြောင့် ကျောင်းတွေကအစပြုပြီးစမ်းသပ် တပ်ဆင် အသုံးပြုမယ် ကျွန်တော်တို့ဘက်ကလည်း အသုံးပြုတဲ့သူတွေ အဆင်ပြေအောင်လုပ်ပေးသွားမှာပါ” ဟု NKO Groups မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အချို့နယ်များ၌ internet ဆိုတာကိုကြားယုံသာကြားဖူး၍ ဘာမှန်းမသိသေးကြောင်း၊ သို့သော်လည်း ယခုကဲ့သို့ ဆက်သွားမည်ဆိုက နိုင်ငံအနေဖြင့်နောက်ကြကျန်ခဲ့မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှ စ၍ နိုင်ငံတစ်ကာနှင့်ယှဉ်နိုင်ရန် ခေတ်မီ နည်းပညာများကို အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ယင်းကုမ္မဏီမှမန်နေဂျင်းဒါရိုက်တာ ဦးဇော်လွင်ဦးက ပြော သည်။

လက်ရှိအချိန်၌ ရန်ကုန်တက္ကသိုလ်ဥပဒေ အထူးပြုဘာသာရပ်တွင် အွန်လိုင်းပညာရေးစနစ်ကို သင်ကြားနေသည်မှာ (၂)နှစ် ခန့်ရှိပြီဖြစ်ကြောင်း၊ ဆက်လက်၍ ၄င်းပညာရေးစနစ်ကို နိုင်ငံတစ်ကာနှင့်အပြိုင် ဆက်လက် အသုံးပြုသွားရန်လိုကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ယှဉ်လျှင် ပညာရေး၌ နောက်ကျကျန်နေ၍မဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်း ပါမောက္ခ ဒေါက်တာခင်စောနွဲ့ မှ ပြောကြားသွားသည်။

Myit Ma Kha Media Group

No comments:

Post a Comment