Pages

18.2.14

စီးပွားဖြစ်ထုတ်လုပ်နိုင်သောဝါးမျိုးသန့်များရှားပါးမှုနှင့်ရင် ဆိုင်နေရ



၁၈.၂.၂၀၁၄၊ အင်္ဂါနေ့

စနစ်တကျ ထုတ်ယူသုံးစွဲမှု မပြုလုပ်ခဲ့သောကြောင့် စီးပွားဖြစ် ထုတ်လုပ်နိုင်သော ဝါးမျိုးသန့်များ ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း သစ်တောသုတေသနဌာန လက် ထောက်သုတေသနအရာ
ရှိဦးအောင် ဇော်မိုးက ပြောသည်။

''ဝါးသယံဇာတကတော့ရှိနေ ပါသေးတယ်။ ဒါပေမယ့်ပရိဘောဂ ထုတ်နိုင်တဲ့ စီးပွားဖြစ်ထုတ်နိုင် တဲ့ဝါးတွေကတော့ စနစ်တကျ မခုတ်ခဲ့လို့ရှားပါးလာနေပြီ'' ဟု ဦးအောင်ဇော်မိုးက ပြောသည်။

ဝါးများကို ထုတ်လုပ်သည့် နေရာတွင်ခုတ်ယူချင်သည့်ဝါးသည် ဝါးရုံအလယ်တွင် ရှိသောကြောင့် ဝါးခုတ်သူအများစုက ဘေးပတ် လည်ရှိ ဝါးနုများကို ခုတ်ပြီးမှ အလယ်ကဝါးကို ထုတ်ယူကြသော ကြောင့်
ဖြစ်ထွန်းလာမည့်ဝါးနုများ သေကုန်သဖြင့် ဝါးများရှားပါးကာ အရည်အသွေးလည်း ကျဆင်းလာ ကြောင်း သိရသည်။

၁၉၉၃-၁၉၉၄ ခုနှစ်များက ဝါးနှင့်ကြိမ်ကိုနိုင်ငံခြားသို့တင်ပို့ခဲ့ရ
ကြောင်း၊သို့သော် ဝါးသည်မှိုတက် ခြင်း၊ ပိုးစားလွယ်ခြင်းတို့ကြောင့် တင်ပို့မှုကို ရပ်ဆိုင်းခဲ့ရကြောင်း၊ ထို့အပြင် ဝါးပါကေးစက်ရုံများကို လည်းဝါးတောများနှင့် အနီးဆုံး နေရာတွင်ထားရှိပြီး ဝါးများကို စနစ်တကျမခုတ်သဖြင့်လွယ်လွယ် ကူကူပြုန်းတီးသွားသည့်အခါ စက်ရုံများကလည်းဝါးတောရှိသည့် နေရာများသို့ပြောင်းရွှေ့တည်ဆောက် ကြသောကြောင့် သယ်ယူပို့ဆောင် ရေး ကုန်ကျစရိတ်များပြားလာပြီး တွက်ခြေမကိုက် ဖြစ်လာသဖြင့် ဝါးအခန်းကဏ္ဍသည်
မှေးမှိန်ခဲ့ရ ကြောင်းသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဝါး တောများကို ထိန်းသိမ်းကာကွယ် ရန်အတွက် ဝါးလုပ်ငန်းရှင်များ၊ ဝါးထုတ်လုပ်သူများ၊ဝါးချစ်သူများ၊ ပညာရှင်များပါဝင်သော ဝါးချစ်သူ အသင်းကိုဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ ယင်းဝါးချစ်သူအသင်းကလည်း ဝါးသုတေသနလုပ်ငန်းများ၊ ထိန်း သိမ်းကာကွယ်ရေးလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများကို စတင်လုပ် ကိုင်နေပြီဖြစ်ကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment