Pages
▼
27.2.14
ပဲခူးမြို့ ဥဿာ နှစ်ထပ်ဈေး မီးလောင်မှု နောက်ဆက်တွဲ သတင်း
(၂၇-၂-၂၀၁၄) ရက်နေ့ နံနက် (၀၁း၁၅) နာရီအချိန်တွင် ပဲခူးမြို့နယ် မီးသတ်စခန်းနှင့် (၁)ဖာလုံခန့် ကွာဝေးသော ပဲခူးမြို့နယ်၊ “သီရိဥဿာဈေး” ၏ အောက်ထပ်တွင် မီးလောင်နေကြောင်း (၀၁း၃၅) အချိန်ခန့်တွင် သတင်းရရှိသဖြင့် ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၁) စီး၊ အထောက်အကူပြုယာဉ် (၁) စီး၊ သနပ်ပင်၊ ဝေါ၊ ဘုရားကြီး၊ လှည်းကူး၊ ထောက်ကြန့် မင်္ဂလာဒုံ မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် (၆) စီး၊ စုစုပေါင်း (၁၃) စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၆၀)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀)ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့အား ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲမင်းထွန်း၊ အောက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ တိုင်းမီးသတ်ဦးစီးဌာနမှူး ရဲသူရိန်လှမြင့်တို့၏ ဦးဆောင်မှုဖြင့် ဈေးမှ မီးသတ်ဆေးဗူး (၂၀) ဗူးဖြင့် လည်းကောင်း၊ ရေဂါလံ (၁၃၂၀၀) တို့ကို အသုံးပြု ငြှိမ်းသတ်ရာ ၀၂း၃၅ နာရီချိန်တွင် မီးထိန်းပြီး ရေဂါလံ (၁၀၀၀၀) အသုံးပြု၍ ငြှိမ်းသတ်ရာ (၀၃း၄၅) နာရီအချိန်တွင် မီးငြိမ်းခဲ့သည်။
pls read more>>http://www.searchmyanmar.com/link/comment/cid/33358#content-33358
No comments:
Post a Comment