Pages

21.2.14

ကျူးကျော်ဖယ်ရှားခြင်းများ ဥပဒေနှင့်ညီစေရန် ညွှန်ကြား




၂၁.၂.၂၀၁၄၊ သောကြာနေ့

တိုင်းဒေကြီးများအတွင်းရှိ ကျူးကျော်များ ဖယ်ရှားခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများကို တာဝန်ပေးထားပြီးဖြစ်သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။


“ကျူးကျော်တွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရတွေကို တာဝန်ပေးထားတယ်။ ပြည်ထောင်စုအစိုး ရအဖွဲ့ကတော့ တိုက်တွန်းထားတာရှိတယ်။ ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်ရမလဲဆိုတာကို ဒီလိုဟာ တွေအတွက်ကိုတော့ သမ္မတရုံးက အရာရှိတွေက တာဝန်ယူကြတယ်”ဟု ပြောသည်။

လက်ရှိ ကျူးကျော်များအတွက် ဥပဒေနှင့်အညီ ဖြေရှင်းရန်ဆိုသည်မှာ ၎င်းတို့အတွက် တန်ဖိုးနည်းအိုး အိမ်များ ဆောက်လုပ်ကာ အိမ်ရာများ ရရှိနိုင်စေရေး ဆောင်ရွက်ပေးရန်လည်း ပါဝင်သည်ဟု ဆိုသည်။

ကျူးကျော်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက မည်သို့ဆောင်ရွက်ရမည်ဆိုသည့်အပေါ်တွင် ဦးရဲထွဋ်က ကျူးကျော်များကို ဖယ်ရှားသည်ဆိုသည်ကလည်း ဥပဒေများအရပဲ ဆောင်ရွက်ပြီး ၀န် ကြီးဌာနတစ်ခုနှင့်တစ်ခု ဆောင်ရွက်ပုံနှင့်အချိန် တူညီနိုင်မည်မဟုတ်ဟု ဆိုသည်။

ကျူးကျော်ဟုယူဆရသူများကို မည်သို့ဖယ်ရှားရှင်းလင်းသည်နှင့် ပတ်သက်ပြီး သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိပေ။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်ဖျက် သိမ်းမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မေးမြန်းသော်လည်း ဖုန်းဖြင့်ပြန်ဖြေကြားနိုင်ခြင်းမရှိဟုပြော သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရ၀န်ကြီးဌာနရှစ်ခုပိုင်သည့် မြေများတွင် နေထိုင်နေကြသော ကျူးကျော်ဟုသတ်မှတ်ထားသူများကို သက်ဆိုင်ရာဌာနများက ကြေညာချက်များထုတ်ကာ ဖျက်သိမ်းနေခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment