Pages

8.2.14

အမေရိကန် အလယ်ပိုင်း မိုးခေါင် ရေရှားမှုကြောင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ ထိခိုက်နိုင်ဖွယ်ရှိ





အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းတွင် နှစ်နှစ်နီးပါးခန့် ဖြစ်ပေါ်လျက် ရှိသော မိုးခေါင် ရေရှားမှုသည် ၎င်းဒေသ အတွင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးကို ခြိမ်းခြောက် လျက်ရှိကြောင်း လေ့လာတွေ့ရှိချက် အသစ်တစ်ရပ်အရ သိရသည်။အမေရိကန် ပြည်ထောင်စုတွင် ၂ဝ၁၁ ခုနှစ်မှ စတင်၍ Hydraulic စက်များကို အသုံးပြု၍ ရေနံတူးဖော် လျက်ရှိသည့် ရေနံတွင်း ၅ဝ ရာခိုင်နှုန်းခန့်သည် ဒေသအတွင်း ရေခန်းခြောက်မှု ကြုံတွေ့ရလျက် ရှိကြောင်း Ceres အဖွဲ့၏ လေ့လာတွေ့ရှိချက် တစ်ခုအရ သိရသည်။

မိုးခေါင်ရေရှားမှုသည် နိုင်ငံအနောက်ပိုင်းနှင့် အနောက်အလယ်ပိုင်း ဒေသများရှိ မွေးမြူရေးခြံ လုပ်သားများနှင့် လယ်သမားများကိုလည်း ခြိမ်းခြောက်လျက် ရှိသည်။

ထို့ပြင် တက္ကဆက် ပြည်နယ်တွင်လည်း လွန်ခဲ့သော သုံးနှစ်မှစ၍ မိုးခေါင်ရေရှားမှုများ ဖြစ်ပေါ် ခဲ့မှုကြောင့် ၄င်းဒေသရှိ သဘာဝဓာတ်ငွေ့ စက်ရုံများ ဓာတ်ငွေ့ ထုတ်လုပ်ရာတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

(အေအက်ဖ်ပီ)

No comments:

Post a Comment