Pages

18.2.14

ပူစီရိုင်းရော့ အဖွဲ့ဝင်နှစ်ဦးကို ဆိုချီတွင် ထိန်းသိမ်းထား



၁၈.၂.၂၀၁၄၊ အင်္ဂါနေ့

ရုရှားနိုင်ငံက ပူစီရိုင်းရော့ ပန့်ဂီတ အဖွဲ့ဝင် အမျိုးသမီး ၂ ဦးကို ဆိုချီ အိုလံပစ် အားကစားပွဲ ကျင်းပတဲ့ နေရာမှာ အာဏာပိုင် တွေက ထိန်းသိမ်းလိုက်ပါတယ်။ 

အဲဒီအထဲက တစ်ဦးဖြစ်တဲ့ နဒက်ဇ်ဒါ တိုလိုကိုနီကိုဗာက ဘီဘီစီ သတင်းထောက်ကို ပြောရာမှာ အခု သူတို့ ရဲစခန်းထဲမှာ ဖြစ်ကြောင်း၊ သူတို့ကို သူခိုး ဆိုပြီး စွပ်စွဲခံနေရကြောင်း ပြောပါတယ်။ 


မစ် တိုလိုကိုနီကိုဗာက သူတို့ဟာ ဆိုချီကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရောက်လာတာ ဖြစ်ပြီး သီချင်းသစ်နဲ့ ဖျော်ဖြေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ 

သီးချင်းနာမည်ကတော့ Putin Will Teach You to Love Your Motherland "အမိမြေကို ချစ်ဖို့ ပူတင်က သင်ကြားပေးလိမ့်မယ်'' ဆိုတဲ့ နာမည်ဖြစ်ပြီး ရုရှား အတိုက်အခံတွေကို ရည်စူး စပ်ဆိုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီ ပန့်ဂီတ အဖွဲ့ဝင်တွေဟာ သမ္မတ ဗလာဒီမာ ပူတင်ကို ဆန့်ကျင်တဲ့ သီချင်း ဆိုမိလို့ ထောင်ကျခံခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ အကုန် ပြန်လွတ်လာတာ ဖြစ်ပါတယ်။

BBC

No comments:

Post a Comment