၆.၃.၂၀၁၄၊ ကြာသပတေးနေ့
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများတွင်
တိုင်းရင်းသားဘာသာစကား သင်ကြားရေးသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေပြီး
ပညာရေးကဏ္ဍက လုပ်ဆောင်သည်ဟု နိုင်ငံတော်သမ္မတ၏ စီး ပွားရေးအကြံပေးဖြစ်သူ
ဒေါက်တာဇော်ဦးက မတ်လ ၅ ရက်က ပြောသည်။
၎င်းက “ဒီနေ့ နိုင်ငံတော်ဒုတိယသမ္မတ ပြောသွာတဲ့ တိုင်းရင်းသားဘာသာစကား သို့မဟုတ် မိခင်ဘာ သာစကားနဲ့ တိုင်းရင်း
သားတွေမှာ သင်ကြားဖို့ဟာ ပညာရေးကဏ္ဍက ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။
နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း မတ်လ ၅ ရက်နှင့် ၆ ရက်
နှစ်ရက်တာ ကျင်းပမည့် အမျိုးသားအဆင့် လက်တွေ့ကျသော
ပညာရေးပြုပြင်ပြောင်းလဲမှုဆွေးနွေးပွဲတွင်
တိုင်းရင်း သားဘာသာစကားများသင်ကြားမှုနှင့် ကျွမ်းကျင်မှုကို အလေးထားရန်
တိုက်တွန်းပြောကြားချက်အပေါ် ဒေါက်တာဇော်ဦးက ပဲ့တင်ထပ်လိုက်ခြင်း ဖြစ်သည်။
ဒေါက်တာဇော်ဦးက ရေရှည်တည်တံ့သော ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပေါ်ရန် ပြည်သူရွေးချယ်သော ဒေ သန္တရအုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်ရန်လိုအပ်ပြီး အဆိုပါအဖွဲ့များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ထိတွေ့မှုများရှိရန်လိုအပ်သည်ဟု ဆိုသည်။ ၎င်းက “ပညာရေးဘက်ကလည်း ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့ လိုပါတယ်”ဟု ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment