၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့
ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် ပညာအရည်အချင်း အထောက်အထား လိမ်လည်အသုံးပြုခဲ့သည့် ဖြစ်စဉ်အချို့ကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်အပါအဝင် ကျောင်းလျှောက်ထားမှုများအပေါ် ယခင်ကထက် ပိုမိုစိစစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာပညာရေး အသိုင်းအဝိုင်းက လေ့လာသုံးသပ်သူများက ဆိုသည်။
မသမာသော နည်းလမ်းဖြင့် ပညာအရည်အချင်း အထောက်အထားများ အသုံးပြုရာမှ အရေးယူခံခဲ့ရသည့် ဖြစ်စဉ်အချို့ စင်ကာပူနိုင်ငံတွင် ဖြစ်ပေါ်ခဲ့ပြီး ပညာအရည်အချင်း အထောက်အထား အတုပြုလုပ်၍ အလုပ်လျှောက်ထားခဲ့ရာမှ စင်ကာပူလူ့စွမ်းအား ဝန်ကြီးဌာနမှ စုံစမ်းတွေ့ရှိခဲ့ပြီးသည့်အတွက်
“ဒီပြဿနာမျိုးတွေက အထူးသဖြင့် Employment Agency မှာ ကြုံတွေ့ရလေ့ရှိပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံတကာ လုပ်သားတွေကို အလုပ်ခန့်ထားခွင့်နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့စည်းမျဉ်းတွေ၊ ဥပဒေတွေ ချမှတ်ထားရှိလေ့ရှိပါတယ်။ အထူးသဖြင့် ပညာရေးအဆိုင်ရာ အချက်အလက်တွေကို စနစ်တကျ စိစစ်လေ့ရှိပါတယ်။ အလုပ်လျှောက်ထားသူ တချို့ကတော့ ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းအနေနဲ့က စာရွက်စာတမ်းတွေကို အတုပြုလုပ်ကြခြင်းပါပဲ။ ယေဘုယျအားဖြင့် စာရွက်စာတမ်းတင်ပြရာမှာ သူတို့မသင်္ကာတဲ့ သူတွေဆိုရင် သက်ဆိုင်နိုင်ငံက ပညာရေးဌာနတွေကိုပေး စစ်ဆေးတာတွေလည်း လုပ်လေ့ရှိပါတယ်။ အခုဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်မှာ Work Permit သမားတွေ၊ (Blue Color ကာယလုပ်သား)တွေဆိုတော့ သိပ်လည်း ဒီလိုကိစ္စမျိုးတွေကို လေးလေးနက်နက် စဉ်းစားနိုင်ကြပုံ မပေါ်ပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ Impact ကတော့ စာရွက်စာတမ်းတွေ မှန်မှန်ကန်ကန် တင်ပြလုပ်ကိုင်နေတဲ့ သူတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တာပါပဲ”ဟု CROWN Education မှ နိုင်ငံတကာ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက သုံးသပ်ပြောပြခဲ့သည်။
RVi CENTRE မှ Chief Education Consultant တစ်ဦးကလည်း“မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူတွေ၊ ကျောင်းသွားတက်မယ့်သူတွေ အခုလိုပုံစံမျိုးတွေ ထပ်မဖြစ်ရအောင် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးကြပါလို့ အကြံပြုချင်ပါတယ်။ စင်ကာပူနိုင်ငံက ပညာရေးနဲ့ပတ်သက်ပြီး အရမ်းကိုဂရုစိုက်ပါတယ်။ ၂ဝဝ၇၊ ၂ဝဝ၈ တုန်းကလည်း အဲဒီလိုမျိုးပုံစံမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုမျိုး ဘွဲ့လက်မှတ် အတုလုံးလုံးကြီး လုပ်လိုက်တာမျိုးတော့ မဟုတ်ဘူး။ ဘွဲ့ subject ချိန်းလိုက်တာပဲ ရှိတယ်။ အဲဒါလည်း မိသွားတာပါပဲ။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ပညာရေးနဲ့ ပတ်သက်ပြီး စာရွက်စာတမ်း အတုတွေနဲ့ မလုပ်ကြဖို့၊ မှန်ကန်တဲ့ လမ်းကြောင်းအတိုင်းပဲ သွားစေချင်ပါတယ်”ဟု အကြံပြု ပြောကြားခဲ့သည်။
EMG
No comments:
Post a Comment