Pages

19.9.14

ဗြိတိန်မှ စကော့တလန် ခွဲထွက်ရေးကိစ္စ ဖြစ်မြောက်မလာရန် အလားအလာများနေ


ဗြိတိန်နိုင်ငံအတွင်းမှ စကော့တလန် ခွဲထွက်ရေးအတွက် မဲခွဲဆုံးဖြတ်မှု ရလဒ်မှာ အောင်မြင်နိုင်ခြေ မရှိကြောင်း ဗြိတိန်အခြေစိုက် BBC သတင်းဌာနက ခန့်မှန်း ဖော်ပြခဲ့သည်။

စက်တင်ဘာ (၁၈)ရက်က အဆိုပါ ကိစ္စအတွက် စကော့တလန်နိုင်ငံသားများ မဲပေးခဲ့ကြပြီး မဲဆန္ဒနယ် (၃၂)ခုအနက် (၂၆)ခု၏ ရလဒ်များကို ကြေညာခဲ့ပြီး ဖြစ်သည်။ အဆိုပါ ရလဒ်များအရ ခွဲထွက်ရေးကို မထောက်ခံသူ (၅၄)ရာခိုင်နှုန်းနှင့် ထောက်ခံသူ (၄၆)ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။

ဂရင်းနစ် စံတော်ချိန် နံနက်(၆:၁၅) နာရီအထိ ခွဲထွက်ရေးကို မထောက်ခံကြောင်း မဲပေးသူ (၁၃၉၇၀၀၀)ကျော်နှင့် ထောက်ခံကြောင်း မဲပေးသူ (၁၁၇၆၀၀၀)ကျော် ရှိထားကြောင်း BBC က ဆိုသည်။ ကျွမ်းကျင်သူများ၏ ကြိုတင် တွက်ချက်မှုများအရ အဆိုတစ်ခု အနိုင်ရရန် အနည်းဆုံး မဲအရေအတွက် (၁၈၅၂၈၂၈) လိုအပ်မည်ဟု သိရသည်။

BBC က မဲအားလုံး ရေတွက်ပြီးချိန်တွင် ခွဲထွက်ရေးကို ငြင်းဆိုသူ အရေအတွက်သည် မဲပေးသူ အားလုံး၏ (၅၅)ရာခိုင်နှုန်း ရှိနိုင်ပြီး လိုလားသူ အရေအတွက် (၄၅)ရာခိုင်နှုန်းမျှ ရှိလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားသည်။

_Ref: BBC

No comments:

Post a Comment