Pages
▼
11.9.14
ရန်ကုန်နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အဆင့်မြင့်ဖောက်ခွဲရေးပစ္စည်းရှာဖွေစက်များ တပ်ဆင်
ရန်ကုန်လေဆိပ် စတင်တည် ဆောက်ချိန်မှ နှစ်ပေါင်း ၆ဝကျော် အတွင်း ပထမဆုံးအကြိမ်အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်း ရှာဖွေစက်များ တပ်ဆင်ကာ လေဆိပ်လုံခြုံရေး တိုး မြှင့်လိုက်ကြောင်း သိရသည်။
''ဖောက်ခွဲရေးပစ္စည်းများ ရှာ ဖွေဖော်ထုတ်ရေးကိရိယာ (ETDS) လို့ခေါ်ပါတယ်။ အရင်လို သာမန်ဖောက် ခွဲရေးရှာတဲ့ ပစ္စည်းတွေထက် နည်း ပညာပိုမြင့်ပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်မှူးဦးကျော်စိုး ကပြောသည်။
အဆိုပါကိရိယာအား ၂ဝ၁၄ သြ ဂုတ် ၃ဝရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် တပ်ဆင်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေ အတွက်ငါးခုသာရှိကြောင်း သိရသည်။
''လုံခြုံရေး(က)အဆင့်ရှိတဲ့ ရန် ကုန်လေဆိပ်မှာ သုံးလုံးနဲ့ မန္တလေး လေဆိပ်မှာ နှစ်လုံးတပ်ဆင်ထားပါ တယ်''ဟု ညွှန်ကြားရေးမှူးဦးကျော် စိုးက ပြောသည်။
သတ္တုစပ်ခုနစ်မျိုးသာမက အခြား အဆင့်မြင့် ဖောက်ခွဲရေးပစ္စည်းများနှင့် နောက်ဆုံးပေါ် ဖောက်ခွဲရေးနည်း ပညာဖြင့် ဖန်တီးထားသော ပေါက် ကွဲစေနိုင်သည့် အရည်များကိုပါ ရှာဖွေ ပေးနိုင်သည်။ အလိုအလျောက် ထိန်း ချုပ်စနစ်ဖြင့် အသင့်ပြင်ထားသော ကွန်တိန်နာထဲတွင် ပေါက်ကွဲစေမည် ဖြစ်ကြောင်း အဆိုပါစက်၏ လုပ်ဆောင် ချက်များနှင့်ပတ်သက်၍ ဦးကျော်စိုး က ရှင်းလင်းပြောကြားသည်။
အဆိုပါ လေဆိပ်လုံခြုံရေးစနစ် မြှင့်တင်ခြင်းမှာ အယ်လ်ခိုင်ဒါအကြမ်း ဖက်အဖွဲ့အစည်း၏ ခြိမ်းခြောက်သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်မှုမရှိဘဲ လုပ်ရိုး လုပ်စဉ်အတိုင်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း ၄င်းက ထပ်မံပြောသည်။
ETDS အဆင့်မြင့်ဖောက်ခွဲရေး ပစ္စည်းများ ရှာဖွေဖော်ထုတ်ရေး ကိရိ ယာအား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖြစ်သည့် JICA မှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
TheYangonTimes

No comments:
Post a Comment