Pages

16.10.14

Bi မွန်းတည့်နေဂျာနယ်အမှု ယနေ့အပြီးသတ် အမိန့်ချမည်


အစိုးရအပေါ် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထား ရသည့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာနှင့် သ တင်းရေးသားသူတို့ကို ပန်းဘဲ တန်းမြို့နယ် တရားရုံးတွင် ယနေ့ အောက်တိုဘာ ၁၆ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။

ကြားဖြတ်အစိုးရတင်မြှောက် ကြောင်း သတင်းဖော်ပြခဲ့မှုကြောင့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေ သူ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်း ခိုင်၊ သတင်းရေးသားသူ မင်းဝ ဿန်၊ အယ်ဒီတာ ကိုဝင်းတင်နှင့် ကိုသူရအောင်တို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် သတင်းအထူးတပ်ဖွဲ့က တရားလိုပြု၍ တရားစွဲဆိုထား ခြင်း ဖြစ်သည်။

တရားလို၊ တရားခံ နှစ်ဖက် သက်သေပေါင်း ၂၀ ဦးခန့်ကို စစ် ဆေးပြီးနောက် အောက်တိုဘာ ၁၄ ရက်တွင် အပြီးသတ်လျှောက် လဲချက် တင်ခဲ့ခြင်းဖြစ်ကာ သတင်း မီဒီယာဥပဒေနှင့် ထည့်သွင်းစဉ်းစားဆုံးဖြတ်ရန် လျှောက်လဲချက်ရေးသားခဲ့ကြောင်း တရားခံ အကျိုးတော်ဆောင်ရှေ့နေ ဦး ကျော်ဝင်းက ပြောသည်။

‘‘အပြီးသတ်အမိန့်ကိုပဲ ကျွန် တော်တို့ စောင့်တော့မယ်။ ဒီကြားထဲမှာ စွဲချက်တင်တဲ့အမိန့်ကို အ ထက်ရုံးကို အယူခံတက်လို့ ရ တယ်။ ဒါပေမဲ့ အယူခံတစ်ခုတက်ရင် အနည်းဆုံး နှစ်လလောက်စောင့်ရမှာမို့ အမှုမြန်မြန်ပြီးအောင်အယူခံမတင်တော့တာ။ အခု ပုဒ် မ ၅၀၅ (ခ)နဲ့ စွဲထားပေမယ့် မီဒီ ယာဥပဒေကလည်း အတည်ဖြစ် နေပြီ အသက်ဝင်နေပြီဆိုတော့ ဒီဥပဒေနဲ့လည်း Apply လုပ်ဖို့ မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

အတည်ပြုပြီးသော သတင်း မီဒီယာဥပဒေတွင် အမြင့်ဆုံးပြစ် ဒဏ်အဖြစ် ကျပ်သိန်းဂဏန်းငွေဒဏ်များသာ ပါရှိပြီး လက်ရှိစွဲ ချက်တင်ထားသော ပုဒ်မ ၅၀၅ (ခ)မှာ ထောင်ဒဏ်တစ်နှစ်အထိ ချ မှတ်နိုင်သည်။

Bi မွန်းတည့်နေဂျာနယ်အဖွဲ့  ကို မူလက အရေးပေါ်စီမံမှုအက် ဥပဒေပုဒ်မ ၅(ည)/(ဃ)တပ်ထား ခဲ့ပြီး  စာနယ်ဇင်း ကောင်စီနှင့် သမ္မတတို့ တွေ့ဆုံပြီးနောက်ပိုင်း အစိုးရအပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)သို့ ပြောင်းလဲခဲ့သည်။

7 Day Daily

No comments:

Post a Comment