Pages

17.10.14

မလေးရှားတွင် စစ်သွေးကြွဟု သံသယရှိသူ ၁၄ဦးကို ဖမ်းဆီး

မလေးရှားနိုင်ငံတွင် အစ္စလာမ္မစ်စစ်သွေးကြွ အိုင်အက်စ်အဖွဲ့ အတွက် လူသစ်စုဆောင်းနေသည်ဟု ယူဆထားသူ အဓိကလူသုံးဦးအပါအဝင် စစ်သွေးကြွများနှင့် ဆက်နွှယ်နေသည်ဟု ယူဆရသူ ၁၄ဦးကို ရဲများ ကဖမ်းဆီးထားကြောင်း သိရသည်။


အဓိကလူသုံးဦးမှာ အသက်၃၇နှစ်ရှိ စွမ်းအင်၊ စိမ်းလန်းရေးနည်းပညာနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန အကြီးတန်း လက်ထောက်ဥက္ကဌ၊ ဖေ့စ်ဘွတ်မှ လူသစ်စုဆောင်းသူ အသက်၃၇နှစ်အရွယ် အလုပ်လက်မဲ့တစ်ဦးနှင့် ဆီးရီးယားတွင် အစွန်းရောက်များ ဘက်မှ သွားရောက်တိုက်ခိုက်ပေးခဲ့သူ အသက်၃၄နှစ်ရှိ အလုပ်လက်မဲ့တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်က ရှိတ်အလမ်အရပ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ လူ ၁၂ ဦးကိုဖမ်းခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်က ကျန်လူများကို

ဒန်မန်ဆာရာရှိ လမ်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းမိသူများတွင် ဖမ်းဆီးထားသူများတွင် အသက်အငယ်ဆုံးအဖြစ် ၁၄နှစ်အရွယ် ယောက်ျားလေး တစ်ဦးလည်းပါဝင်ကာ အသက်အကြီးဆုံးမှာ

၄၈နှစ်ရှိပြီး ဖမ်းထားသူများတွင် ဂရစ်ဖစ် ဒီဇိုင်းနာ၊စာဖိုမှုး၊ကုမ္ပဏီဝန်ထမ်းနှင့် စီးပွားရေးသမားတစ်ဦးတို့ လည်းပါဝင်သည်။
ယခု အခါ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့နှင့် ဆက်နွှယ်မှုဖြင့် ရဲများ ဖမ်းထားသူ ၃၇ဦးရှိ သွား ပြီဖြစ်သည်။
ဖမ်းမိသူများအနက်မှ အစိုးရဋ္ဌာနအကြီးအကဲတစ်ဦးဖြစ်သူသည် စစ်သွေးကြွအုပ်စုတွင် အဆင့်မြင့်အဖွဲ့ ဝင်တစ်ဦးဖြစ်သည်ဟု ရဲထောက်လှမ်းရေးချုပ်ခါလစ်အဘူဘာကာကပြောသည်။

``သူက ဆီးရီးယားကိုသွားမယ့် စစ်သွေးကြွတွေအတွက် ငွေရှာပေးနေသူလို့ ကျွန်တော်တို့ ယုံထားတယ်။ အင်ဂျင်နီယာတစ်ဦးဖြစ် တဲ့ဒီလူဟာဖိလစ်ပိုင်တောင်ပိုင်းမှာ အဘူဆေရက်ဖ်နဲ့ အတူ ပုန်းအောင်းနေကြတဲ့ အလိုရှိစစ်သွေးကြွသုံးဦး နဲ့ အဆက်အသွယ်ရှိထားသူဖြစ်ပါမယ်။``ဟု ၎င်းကပြောသည်။

ပုန်းအောင်းနေသူအနက် နှစ်ဦးသည် ကထိကတစ်ဦးဖြစ်သည့်မာမတ်အာမတ်နှင့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် မို့ နာဂျစ် ဟူဆန်တို့ ဖြစ်သည်။

၎င်းတို့ က မလေးရှားတွင် ရောက်ရှိနေသည့် စစ်သွေးကြွများကို ခေါင်းဆောင်မှုပေးနေသူများဖြစ်နိုင်ပြီး ဆီးရီးယားနှင့်အီရတ်သို့ တွင် တိုက်ပွဲဝင်ရန် စစ်သင်တန်းများလေ့ကျင့်ပေးနေသူများဖြစ်နိုင်သည်။

Mizzima

No comments:

Post a Comment