Pages

28.10.14

အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီအစိုးရအဖွဲ့ဖွဲ့ပြီ


အင်ဒိုနီးရှားသမ္မတသစ်ဂျိုကို ဝီဒိုဒိုသည် သူ၏အစိုးရအဖွဲ့ကို အောက် တိုဘာ၂၆ရက်၌ ထုတ်ပြန်ကြေညာ လိုက်သည်။

သူ၏အစိုးရအဖွဲ့တွင် ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီးပါဝင်လာသည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျတ်ရေးအာဏာပိုင် များက ကိုယ်စားလှယ်အတော်များ များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေ သောကြောင့် ဂျိုကိုဝီသည် အစိုးရ ဖွဲ့စည်းရေးတွင် အနည်းငယ်နှောင့် နှေးကြန့်ကြာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးအမျိုးသမီး မှာ ရက်နိုမာဆူဒီဖြစ်သည်။ ဘမ်ဘန်း ဘရော့ဂျိုနီဂိုရိုက ဘဏ္ဍရေးဝန်ကြီး၊ ဆော့ဖ်ရန်ဂျာလီလ်က စီပွားရေးဝန် ကြီးအသီးသီးဖြစ်လာကြသည်။ ဂျို ကိုဝီ၏အစိုးရအဖွဲ့တွင် အမျိုးသမီး ဝန်ကြီးရှစ်ဦးပါဝင်ရာ ယခင်အစိုးရ အဖွဲ့များထက် အမျိုးသမီးဝန်ကြီး အရေအတွက် ပိုများလာသည်။

ယခင်အစိုးရများတွင် အစိုးရအ ဖွဲ့ဝင်၃၄ဦးရှိရာ ပညာရှင်များနှင့် ပါတီနိုင်ငံရေးသမားများ အကြီးအ ကျယ်သဘောကွဲလွဲခဲ့ကြသည်။ သို့ ဖြစ်၍ဂျိုကိုဝီက သူ့အစိုးရအဖွဲ့ဝင်များ ကို နယ်ပယ်အလိုက်ကျွမ်းကျင်သူများ ကိုမျှခြေရှိစေရန် အကောင်းဆုံးသူ များကိုရွေးချယ်၍ ဖွဲ့စည်းထားသည် ဟုဆိုသည်။

ဝန်ကြီးအဖွဲ့သည် ဂျိုကိုဝီကိုအ ကူအညီပေးမည်။ နိုင်ငံ၏စီးပွားရေး ဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့်ဆင်း ရဲသူများအတွက် အထောက်အကူဖြစ် လာစေရန် လိုအပ်သောပြုပြင်ပြောင်း လဲမှုများကို ပြုလုပ်မည်ဟု သူကဆို သည်။

သူသည်ပါလီမန်တွင် အတိုက် အခံညွန့်ပေါင်းအဖွဲ့၏ ပြင်းထန်သော အတိုက်အခံပြုမှုနှင့်ရင်ဆိုင်ရမည်။ ထို ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲ တွင် ဂျိုကိုဝီ၏ပြိုင်ဘက်ကို ထောက်ခံ အားပေးခဲ့သည်။

Ref: CNA

No comments:

Post a Comment