Pages

24.10.14

ဆီရီးယားမြောက်ပိုင်းကို ကာ့ဒ်တပ်ဖွဲ့များ စေလွှတ်ရန် သဘောတူ


အီရတ်နိုင်ငံ ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပါလီမန်က ကိုဘာနီမြို့အပါအ၀င် ဆီးရီးယား မြောက်ပိုင်းကို ပတ်ခ်ျမာဂါ(Peshmerga) ကာ့ဒ်တပ်ဖွဲ့တွေကို စေလွှတ်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က သဘောတူလိုက်ပါပြီ။

ဆီးရီးယားကာ့ဒ်တွေကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့ ထောက်ပံ့ခဲ့ပြီး မကြာခင်မှာပဲ အခုလို ကာ့ဒ်တပ်ဖွဲ့တွေကို စေလွှတ်ဖို့ သဘောတူခဲ့ကြတာပါ။

အီရတ်နိုင်ငံက ပတ်ခ်ျမာဂါတပ်ဖွဲ့ဝင် အယောက် ၂၀၀ ပထမဆုံး စေလွှတ်ဖို့ စီစဉ်နေပြီလို့လည်း တူရကီသမ္မတက အောက်တိုဘာ ၂၃ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။

ကိုဘာနီမြို့ကို ခုခံကာကွယ်နေတဲ့ ဆီးရီးယားကာဒ့်တွေထက် ပိုအစွမ်းထက်တဲ့ လက်နက်ကြီးနဲ့ လက်နက်ငယ်တွေ ပါဝင်မယ်လို့လည်း သိရပါတယ်။

ကိုဘာနီမြို့ကို ၀ိုင်းတိုက်နေတဲ့ အိုင်အက်စ်ကွပ်ကဲရေးစခန်းတွေကို အောက်တိုဘာ ၂၂နဲ့ ၂၃ ရက်နေ့အထိ ၂ ရက်အတွင်း အမေရိကန်လေတပ်က ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဌာနက ပြောဆိုပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေ တူရကီနိုင်ငံကို ဖြတ်ပြီး ကိုဘာနီမြို့မှာ လာရောက်တိုက်ခိုက်နိုင်ဖို့ တူရကီနိုင်ငံက ဒီတပတ်အစောပိုင်းကပဲ သဘောတူခွင့်ခဲ့တာပါ။

ပထမပိုင်းတော့ ခွင့်မပြုခဲ့ပေမယ့် မူဝါဒက ချက်ချင်း အပြောင်းအလဲ ဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်လေတပ်က ဆီးရီးယားနိုင်ငံထဲမှာ တိုက်ရိုက် ၀င်တိုက်ခိုက်ဖို့နဲ့ တူရကီ စစ်အခြေစိုက်စခန်းတွေကနေ အိုင်အက်စ်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖိုကိုတော့ တူရကီနိုင်ငံက ခွင့်မပြုပါဘူး။

DVB

No comments:

Post a Comment