Pages

31.10.14

NATO မဟာမိတ်တွေ စိန်ခေါ်မှု မျိုးစုံ ကြုံနေရ


မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO ရဲ့ အကြီးအကဲအသစ် ဖြစ်တဲ့ Jens Stoltenberg က ဥရောပ နဲ့ Atlantic ရပ်ဝန်းဒေသ မဟာမိတ် နိုင်ငံတွေဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်နေရတယ် လို့ ပြောကြားလိုက်ပါတယ်။

ယူကရိန်းနဲ့ ပါတ်သက်တဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေအပြင် အရှေ့အလယ်ပိုင်းဒေသ ကနေ  ISIS နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမားတွေ ဥရောပထဲကို ပြန်ဝင်လာနေ တာတွေဟာ မဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့  ဂရိနိုင်ငံ ဒေသင်မြို့မှာ  ဂရိဝန်ကြီးချုပ်  Antonis Samaras နဲ့ တွေ့ဆုံအပြီးမှာ ကြာသပတေးနေ့က  NATO အတွင်းရေးမှုးချုပ်က သတင်းထောက်တွေ ကို ပြောကြားခဲ့တာပါ။

အခုလောလောဆယ်မှာ ရုရှားနဲ့ စစ်ရေးမဟာမိတ် အဖြစ် အပြည့်အဝ ပြန်လုပ်ဆောင်ဖို့ မဖြစ်နိုင်သေးပေမယ့် ရုရှားအစိုးရနဲ့တော့ ဆက်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့လည်း  မစ္စတာ Samaras ကပြောပါတယ်။
           
ဥရောပဝေဟင်ပိုင်နက်ထဲကို  ရုရှားစစ်လေယာဉ်တွေ ရောက်လာရင်  NATO က တုန့်ပြန်ဖို့ အသင့်ပြင်ထားတယ်လို့  Stoltenberg said  က အရင်တုန်းက ပြောကြားခဲ့သလို၊   မဟာမိတ်နိုင်ငံတွေ အနေနဲ့  NATO ရဲ့ အရှေ့ဘက် ပိုင်နက်နယ်နိမိတ်တလျှောက်၊ Baltic ၊ မြောက်ပိုင်း နဲ့ ပင်လယ်နက်ဒေသကို ဖြတ်သန်းမယ့် ရုရှားလေယာဉ်တွေအတွက် သတိထားကြဖို့ လည်း ပြောကြားခဲ့ပါတယ်။

VOA

No comments:

Post a Comment