အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ၅ နှစ်တာ စီမံကိန်းကာလအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီ အနေနှင့် ရေဖြန့်ဝေမှုဆိုင်ရာ နည်းပညာများကို ဖြန့်ဝေခြင်း၊ အဆင့်မြင့်နည်းပညာဖြင့် သောက်သုံးရေ ဖြန့်ဝေခြင်းများကို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရေအလေအလွင့် ဖြစ်မှုကို လျှော့ချရန် ရေဖြန့်ဝေမှုလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ရာတွင် ရေမီတာများ ထပ်တိုးတပ်ဆင်ခြင်း၊ ပျက်စီးရေမီတာများကို အစားထိုး တပ်ဆင်ခြင်း၊ ပိုက်လိုင်းအသစ်များ သွယ်တန်းခြင်း၊ ရေပိုက်ပျက်စီးမှုများ ပြင်ဆင်ခြင်း၊ ပိုက်လိုင်းသွယ်တန်းမှုများ အဆင်မြှင့်တင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်မည့် TSS Tokyo Water ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိ ရန်ကုန်မြို့တော်တွင် သောက်သုံးရေ ဖြန့်ဝေမှု၏ ၆၆ ရာခိုင်နှုန်းသည် နေ့စဉ် လေလွင့်ဆုံးရှုံးလျက် ရှိပြီး ယင်းရာခိုင်နှုန်းများထဲမှ ၅၀ ရာခိုင်နှုန်းမှာ ယိုစိမ့်မှုကြောင့် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့ ရေပေးစနစ်ကို အဆင့်မြှင့်တင်နိုင်ရန် အတွက် ပြီးခဲ့သောလ အတွင်းက ဖိလစ်ပိုင် ကုမ္ပဏီတစ်ခု ဖြစ်သော Minila water ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ မြို့တွင်းမြို့နယ်များသို့ ငမိုးရိပ် အမှတ် (၁) နှင့် အမှတ် (၂) ရေးပေးစီမံကိန်း၊ ဂျိုးဖြူရေလှောင်ကန်များမှ တစ်ဆင့် တစ်ရက်လျှင် သောက်သုံးရေ ရေဂါလန် ၂၀၅ သန်းကို နေ့စဉ် ဖြန့်ဝေပေးလျက် ရှိကြောင်း ယင်းကော်မတီ၊ အင်ဂျင်နီယာ (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရှိရသည်။
TSS Tokyo water ကုမ္ပဏီမှာ ဂျပန်နိုင်ငံ တိုကျိုမြို့၏ ရေပေးဝေမှု လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment