Pages

21.11.14

အမေရိကတိုက်ကို မွတ်စလင်များကစတင်တွေ့သည်ဆိုသော အာဒိုဂန်၏ အဆို လှာင်ပြောင်ခံရ

အမေရိကတိုက်ကို ကိုလံဘတ်စ် မတွေ့မီ သုံးရာစုကတည်းက မွတ် စလင်နယ် သစ်ပယ်သစ် ရှာဖွေသူ များက တွေ့ရှိခဲ့သည်ဟု တူရကီ သမ္မတ ရီဆက်ဖ်တေ ယစ်ပ်အာဒို ဂန်က ဆိုခဲ့ရာ ပညာရှင်အတ်ာများ များ၏ ဝိုင်းဝန်းလှောင်ပြောင်ခြင်း ကို ခံရသည်။

သူ၏အဆိုကို ဝေဖန်သူများ သည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုမရှိဟုဆို လျက် သူက လှောင်ပြောင် သူများ၊ ရယ်သွမ်းသွေးသူများကို တုံ့ပြန်လိုက်သည်။

သူ၏အဆိုပြုချက်အပေါ် ဝေ ဖန်ကြသူများကို သူကဟန်ပါပါ ချေပပြောဆိုသည့်ပြင်
အမေရိက ကို မွတ်စလင်များက တွေ့သည်ဆို သည်ကို စာသင်ကျောင်းများတွင် သင်ကြားပေးသင့်သည်ဟူ၍လည်း သူက ဆိုသေးသည်။

ဤကိစ္စမှာ အမျိုးသားပညာရေး ဝန်ကြီးဌာန၏ တာဝန်ဖြစ်သည်ဟု အာဒိုဂန်က ရုပ်မြင်သံကြားမှ ဝေဖန် လိုက်သည်။

''သိပ္ပံဆိုင်ရာသမိုင်းကို ဓမ္မဓိဋ္ဌာန် ကျကျရေးတယ်ဆိုရင် သိပ္ပံပညာအ တွက် အစ္စလာမ္မစ်ပထဝီဝင်ဆိုင်ရာ အထောက်အကူပြုမှုဟာ ကျွန်ုပ်တို့ သိထားတာ ထက်ပိုတယ်''ဟု အာဒို ဂန်က ဆိုသည်။

အာဒိုဂန်သည် မွတ်စလင်ဘာ သာကို သက်ဝင်ယုံကြည်လေးစားသူ ဖြစ်သည်။

သူအာဏာရရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်စုကျော်ကြာခဲ့ပြီး ခရစ္စ တိုဖာကိုလံ ဘတ်စ်အမေရိကကိုမတွေ့ မီ သုံးရာစုနီးပါးကာလကတည်းကပင် မွတ်စလင်များက အမေရိကကိုတွေ့ ခဲ့ကြောင်း၊ အတိအကျဆိုရလျှင် ၁၂ ရာစုကတည်းကတွေ့ခဲ့ကြောင်း အာ ဒိုဂန်ကဆိုသည်။

ကျူးဘားကမ်းရိုးတန်းရှိတောင် ကုန်းတစ်ခုပေါ်တွင် ဗလီရှိသည်ဟု ကိုလံဘတ်စ် က ဖော်ပြထားသည်ကို အာဒိုဂန်က အထောက်အထားပြ သည်။

သူ၏အဆိုကို တူရကီနှင့်ကမ္ဘာ တစ်ဝန်းလုံးမှ အလွန်လေးစားထိုက် သော သိပ္ပံပညာရှင်များကလည်း ထောက်ခံသည်ဟု သူက ဆိုသည်။

Ref : AFP

No comments:

Post a Comment