အီရတ်မှာရှိတဲ့ Islamic State (IS) ကို တိုက်ခိုက်ဖို့ ဂျော်ဒန်ကို Mirage တိုက်ခိုက်ရေးသမား (၆) ဦး ခန့် စေလွှတ်ကာ တာဝန်ပေးလိုက်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drain က ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။
United Arab Emirates မှာ Rafale ဂျက်လေယာဉ် (၉) စီး ရှိထားပြီဖြစ်ပြီး သူတို့ကို တောင့်တင်းမှုရှိအောင် Mirage တိုက်ခိုက်ရေးသမားတွေနဲ့ အားဖြည့်ပေးသွားမှာဖြစ်တယ်လို့ Le Drain က ပြင်သစ်ပါလီမန်ကို ပြောပြခဲ့ပါတယ်။
မဟာမိတ်ရဲ့ လေကြောင်းအကူအညီပေးမှုကြောင့် အောင်မြင်မှုရရှိနိုင်တဲ့ အလားလာရှိပြီး မဟာမိတ်ဖွဲ့ရာမှာ ပြင်သစ်အနေနဲ့လည်း အဓိက အခန်းကဏ္ဍတစ်ခုကို ဝန်တာယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ထပ်မံပြောဆိုခဲ့တယ်။
အီရတ်စစ်တပ်တွေနဲ့ IS အဖွဲ့နှစ်ဖွဲ့ကြား နယ်ခြားမျဉ်းပေါ်က စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ ရန်သူ့နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နိုင်မယ့်လမ်းကြောင်း ဖန်တီးနိုင်ဖို့ အီရတ်နိုင်ငံမြောက်ပိုင်း Kirkuk မြို့က IS စစ်သွေးကြွတွေသုံးတဲ့ မြေအောက် လမ်းကြောင်းတွေကို မဟာမိတ်လေယာဉ်တွေနဲ့အတူလိုက်ပါလာတဲ့ Rafale ဂျက်လေယာဉ် (၂) စီးက ဗုဒ္ဓဟူးနေ့တုန်းက တိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာလမှာ ပြင်သစ်က အီရတ်နိုင်ငံမှာရှိတဲ့ IS တိုက်ခိုက်ရေးသမားတွေကို ဆန့်ကျင်ထိုးစစ်ဆင်နေတဲ့ အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းလိုက်ပါတယ်။ IS စစ်သွေးကြွတွေက အီရတ်နိုင်ငံမှာ အဓိက မြို့ကြီးတွေကို ချုပ်ထားပြီး ဒေသလုံခြုံရေးကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။
Source: Xinhua
No comments:
Post a Comment