ထူးဖောင်ဒေးရှင်းသည် ပူတာအိုခရိုင်အတွင်း နယ်မြေ လုံခြုံရေးအရ ပြောင်းရွေ့လာကြသည့် အိမ်ထောင်စု(၄၈)စု၊ လူဦးရေ (၂၃၀)ကျော်အား အိမ်ထောင်စု တစ်စုလျှင် ဆန်(၄)အိတ်နှုန်းဖြင့် ဒီဇင်ဘာလ (၉)ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသည်။
ပူတာအိုခရိုင်အတွင်း ဒေသ၏ နယ်မြေလုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့လာကြသည့် အိမ်ထောင်စုများအား ဒုတ္ထန်ရပ်ကွက်၊ နောင်ခိုင်ကျေးရွာ၊ မချမ်းဘောKBC ဘုရားကျောင်းနှင့် ခေါင်လန်ဖူးကျေးရွာတို့တွင် လက်ခံထားရှိပါသည်။
ထူးဖောင်ဒေးရှင်း၏ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြပြီး အလှူကို လက်ခံရယူခဲ့သည့် ဒေသခံတိုင်းရင်းသားများကလည်း ၀မ်းမြောက်စကားများ ဆိုခဲ့ကြသည်။
Htoo Foundation
No comments:
Post a Comment