Pages

2.12.14

အမေရိကန်တပ် ပြည်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရဖွယ်ရှိ

အစ္စလာမစ်စစ်သွေးကြွတွေဟာ အမေရိကန်စစ်သားတွေကို အမေရိကန်ပြည်ထောင်စုအတွင်းမှာ တိုက်ခိုက်နိုင်ဖွယ်ရှိတယ်လို့ FBI အဖွဲ့နဲ့ အမိမြေ လုံခြုံရေးဌာနတို့က သတိပေးထားပါတယ်။

လုံခြုံရေးဆိုင်ရာဌာနတွေကို ပေးပို့တဲ့ ပူးတွဲထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်ကို ABC သတင်းဌာနက လက်ခံရရှိထားကြောင်း ABC သတင်းဌာနက တနင်္ဂနွေနေ့ ကြေညာပါတယ်။

အဲဒီသတိပေးချက်ထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု နယ်နမိတ်အတွင်းမှာ ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ဝင်တွေအနေနဲ့ အင်တာနက် အွန်လိုင်းတွေပေါ်က လူမှုမီဒီယာတွေမှာ အကြမ်းဖက်အစွန်းရောက်သမားတွေ အာရုံစိုက်လာအောင် မလုပ်ကြဖို့နဲ့ တခြားတပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်တွေရှိနေရင် ဖျက်ပစ်ကြဖို့ သတိပေးချက်ထဲမှာ နှိုးဆော်ထားပါတယ်။

VOA

No comments:

Post a Comment