ဒါဖာမှာ ငြိမ်းချမ်းရေးမစ်ရှင်နဲ့ ဆူဒန်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အခုလို အမိန့်ထုတ်လိုက်တာလို့ အေအက်ဖ်ပီ သင်းမှာရေးပါတယ်။
ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အလီဇာတာရီနဲ့ ဆူဒန်နိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး ညွန်ကြားရေးမှူး အီဝေါင်ဟယ်လင် တို့ကို ထွက်ခွာဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပြီး ကုလသမဂ္ဂကအတွင်းရေးမှူးချုပ်က ဒီလုပ်ဆောင်ချက်ကို ဆန့်ကျင်သလို ပြန်လည်စဉ်းစားဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။
ထွက်ခွာခိုင်းတဲ့အကြောင်းအရင်းနဲ့ ထွက်ခွာရမယ့် အချိန်အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိပါဘူး။
အောက်တိုဘာ ၃၁ ရက်က စစ်ဘေးသင့်ဒေသမှာ အစိုးရတပ်ဖွဲ့တွေက အမျိုးသမီးနဲ့ မိန်းကလေး ၂၀၀ ကို အဓမ္မပြုကျင့်တာ စုံစမ်းစစ်ဆေးဖို့ ကုလရဲ့ကြိုးပမ်းမှုကြောင့် ဆူဒန်က ဒေါသထွက်ခဲ့ပါတယ်။
ဧပြီလမှာ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့အကြီးအကဲကိုလည်း ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်တဲ့အတွက် တိုင်းပြည်က ထွက်ခွာဖို့ ဆူဒန် အစိုးရက ပြောဆိုခဲ့ပါတယ်။
DVB

No comments:
Post a Comment