Pages

10.12.14

မာဂရက်သက်ချာကို လုပ်ကြံသတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်မှု၌ FBI တစ်ဦး ပါဝင်ခဲ့ဟုဆို

နယူးယောက်မြို့ရှိ ပြည်ထောင် စု ထောက်လှမ်းရေးဗျူရို(FBI) ရုံးမှ အမျိုးသမီး အတွင်းရေးမှူးတစ်ဦးက မာဂရက်သက်ချာကို လုပ်ကြံမည့် အိုင်ယာလန် ရီပတ်ဘလီကန်အကြမ်း ဖက်သမားများထံသို့ မာဂရက်သက် ချာ အမေရိကန်သို့ အလည်အပတ် လာမည့်သတင်းကို ပေါက်ကြားခဲ့ သည်ဟု သံသယရှိကြောင်း အသစ် ထုတ်ပြန်လိုက်သည့် အချက်အလက် များအရ သိရသည်။

စာမျက်နှာပေါင်းများစွာပါသော အစီရင်ခံစာ၌ အမေရိကန်အထက် တန်း ထောက်လှမ်းရေးအရာရှိများ သည် မာဂရက်သက်ချာဝန်ကြီးချုပ် ဘဝမှာရော၊ အနားယူပြီးအချိန်များ မှာပါ လုပ်ကြံမှုများအတွက် ခြိမ်း ခြောက်မှုများစွာတို့ကို အချိန်များစွာ ပေး၍ လုပ်ဆောင်ပေးခဲ့ရကြောင်း ဖော်ပြထားခဲ့သည်။

ဤမှတ်သားလောက်စရာ အ ချက်အလက်များမှာ ၁၉၉၂ခုနှစ်၊ ထိုအချိန်က FBI ညွှန်ကြားရေးမှူး ဝီလီယံဆက်ရှင်လက်ထက်က ဖြစ် သည်။ ဆက်ရှင်က FBI အထက် တန်း ထောက်လှမ်းရေးအုပ်စုတစ်စု အား ရီပတ်ဘလီကန် ထောက်လှမ်း ရေးများ၏ အထဲသို့ဝင်ရောက်ထောက် လှမ်းရန် ညွှန်ကြားခဲ့သည်။

မစ္စတာဆက်ရှင်က ၄င်း၏ မှတ်တမ်း၌ ဖော်ပြရာတွင် ဘော်စတွန်မြို့ အိုင်းရစ် အမျိုးသားရေးဝါဒီများ၏ လူဆိုးဂိုဏ်းတစ်ခုမှ တိကျသောသ တင်းတစ်ခုရရှိခဲ့ကြောင်း FBI အဖွဲ့ မှ ဝန်ထမ်းတစ်ဦးက အိုင်းရစ်ယာ ယီတပ်မတော်(PIRA)သို့ အဆိုပါ သတင်းကို ပေါက်ကြားခဲ့ကြောင်း သိရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါသတင်းက နယူး ယောက်မြို့ FBI ရုံးရှိ အမျိုးသမီး အတွင်းရေးမှူး တစ်ဦးက PIRA သို့ ကွန်ပျူတာအချက်အလက်များ အမည်စစ်ဆေးမှု၊ မည်သူမည်ဝါဖြစ် ကြောင်း၊ ID တို့ကိုပေးခဲ့ကြောင်း ဆက်ရှင်က ဖော်ပြထားခဲ့သည်။

ထို့ အပြင် နယူးယောက် FBI ရုံးမှ အ ခြားတစ်ဦးကိုလည်း အခြားစွပ်စွဲချက် များဖြင့် ဖော်ထုတ်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

လျှို့ဝှက်လုပ်ကြံမည့်သူများထံ သို့ သတင်းမရောက်နိုင်ရန် အတွင်း မှသတင်းပေါက်ကြားသူ စုံထောက် သို့ မည်သည့်သတင်းမှ မပေါက်ကြား ရန် မစ္စတာဆက်ရှင်က ထိပ်တန်း စိတ်ချရသည့် စုံထောက်အရာရှိနှစ် ဦးကို တာဝန်ပေး၍လုပ်စေခဲ့ရသည် ဟု ဆိုသည်။

ဤလျှို့ဝှက်ဖိုင်အား ပထမဆုံး အဖြစ် ဂါဒီးယန်းသတင်းစာတွင် ဖော် ပြခဲ့သည်။ သို့ရာတွင် သတင်းပေါက် ကြားသည့် စုံထောက်ကို ပထမတွေ့ ရှိခဲ့သော်လည်း FBI က မာဂရက် သက်ချာကို PIRA က အမေရိကန် ၌ လုပ်ကြံနိုင်သည်ကို အထူးစိုးရိမ် မိကြောင်း အသေးစိတ်ဖော်ပြခဲ့သည် ဟု ဆိုသည်။

FBI က PIRA အဖွဲ့ဝင်နှစ်ဦး ကို အထူးစောင့်ကြည့်ခဲ့ရသည်။ ၄င်း တို့မှာ ၁၉၉၂ခုနှစ်ကတည်းက အမေ ရိကန်၌ လုပ်ကိုင်နေခဲ့ကြသည်ဟု ဆိုသည်။

FBI က PIRA အဖွဲ့ဝင်နှစ်ဦး မှ တစ်ဦးမှာ ၁၉၉ဝပြည့်နှစ် လန်ဒန် အကြမ်းဖက်တိုက်ဖျက်ရေး ညီလာခံ ကိုဗုံးခွဲရန် ကြံစည်ခဲ့သည်ဟု ဆိုသည်။

နောက်တစ်ဦးမှာ ဥရောပရှိ ဗြိတိသျှ တပ်သားများကို သတ်ဖြတ်ရန်ကြံ စည်ခဲ့ပြီး ဒတ်ခ်ျရဲ၏လက်မှ ရှောင် ထွက်ခဲ့သူဖြစ်သည်။

မာဂရက်သက်ချာ ခရီးစဉ်လာ ပြီးသည်အထိ FBI က နယူးယောက် မြို့ရှိ အိုင်းရစ်လူမျိုးများ အသိုင်းအ ဝိုင်းကို ထောက်လှမ်းနေခဲ့ရသည်ဟု ဆိုသည်။

မာဂရက်သက်ချာ၏ ၁၉၉၂ခုနှစ် အမေရိကန်ခရီးစဉ်မှာ ခလုတ်မထိဘဲ ပြီးဆုံးခဲ့သည်။

Guardian

No comments:

Post a Comment