ဗဟိုအာဖရိက နိုင်ငံတွင် ဘာသာရေးကို အခြေခံသော အဓိကရုဏ်းများ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ နှစ်ဖက် အပြန်အလှန် တိုက်ခိုက် သတ်ဖြတ်မှုများ ရှိခဲ့ပြီး မွတ်ဆလင် ပြည်သူများစွာ အကြမ်းဖက်မှု ဒဏ်ကြောင့် ထွက်ပြေး တိမ်းရှောင် နေရကြောင်း အကြီးတန်း လူ့အခွင့်အရေး လုပ်သားတစ်ဦးကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
မွေးမြူရေး လုပ်ငန်းများနှင့် အခြား စီးပွားရေး လုပ်ငန်းများကို မွတ်ဆလင် ဗဟိုအာဖရိက နိုင်ငံသားများက လုပ်ကိုင်ကြသောကြောင့် ယင်းပဋိပက္ခ နောက်ဆက်တွဲအဖြစ် စီးပွားရေးကိုပါ ထိခိုက်ဖွယ် ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW မှ အရေးပေါ် ဒါရိုက်တာ ပီတာဘောကက်က ပြောကြားခဲ့သည်။
Pages
▼
11.2.14
အိုဘားမားနဲ့ ဘီယွန်ဆေး ချစ်ကြိုက်ကြောင်း ပြင်သစ် မီဒီယာတို့ဖွ
ပြင်သစ် အခြေဆိုက် မီဒီယာ အချို့က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်က လူမည်း အဆိုတော် ဘီယွန်ဆေးတို့ ချစ်ကြိုက်လျက် ရှိကြောင်း သတင်းဖွခဲ့ကြ ပါတယ်။
သို့ပေမယ့် ဒါဟာ ရယ်စရာ ဟာသ တစ်ခုဖြစ်ကြောင်း ဘီယွန်ဆေး မှ ပြန် လည် ပြောဆိုခဲ့ ပါတယ်။ အကြောင်းက ဘီယွန်းရဲ့  လက်ရှိ ခင်ပွန်းဟာ အဆိုတော် Jay Z ဖြစ်ပါတယ်။ အမေရိကန် သမ္မတ အဖြစ် စတင် အခန့်အပ်ခံ ရချိန် သမ္မတ အိုဘားမားဟာ ဘီယွန်ဆေးကို သီချင်း ဆိုဖို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိုဘားမားရဲ့ ဇနီး မွေးနေ့ ပါတီမှာလည်း ဘီယွန်ဆေးကို သီချင်းဆိုဖို့အတွက် ဖိတ်ကြားခဲ့ ပါတယ်။
သို့ပေမယ့် ဒါဟာ ရယ်စရာ ဟာသ တစ်ခုဖြစ်ကြောင်း ဘီယွန်ဆေး မှ ပြန် လည် ပြောဆိုခဲ့ ပါတယ်။ အကြောင်းက ဘီယွန်းရဲ့  လက်ရှိ ခင်ပွန်းဟာ အဆိုတော် Jay Z ဖြစ်ပါတယ်။ အမေရိကန် သမ္မတ အဖြစ် စတင် အခန့်အပ်ခံ ရချိန် သမ္မတ အိုဘားမားဟာ ဘီယွန်ဆေးကို သီချင်း ဆိုဖို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိုဘားမားရဲ့ ဇနီး မွေးနေ့ ပါတီမှာလည်း ဘီယွန်ဆေးကို သီချင်းဆိုဖို့အတွက် ဖိတ်ကြားခဲ့ ပါတယ်။
တိုယိုတာ ကားထုတ်လုပ်မှု ၂၀၁၇ အတွင်း ရပ်ဆိုင်းမည်
သြစတေးလျတွင် ကားထုတ်လုပ်မှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က တောင်းဆိုခဲ့သော်လည်း တိုယိုတာကား ကုမ္ပဏီက သြစတြေးလျရှိ ကားထုတ်လုပ်မှု ကို ၂၀၁၇ တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။
ဖို့ဒ်ကဲ့သို့သော နာမည်ကျော်ကား ကုမ္ပဏီများက သြစတြေးလျနိုင်ငံတွင် ကားထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် နောက်ဆုံး ကျန်ရှိသည့် တိုယိုတာ ကားကုမ္ပဏီကလည်း သြစတြေးလျတွင် ကားထုတ်လုပ်သည့် လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတိုင်မီ ရပ်ဆိုင်းတော့မည်
ဖို့ဒ်ကဲ့သို့သော နာမည်ကျော်ကား ကုမ္ပဏီများက သြစတြေးလျနိုင်ငံတွင် ကားထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် နောက်ဆုံး ကျန်ရှိသည့် တိုယိုတာ ကားကုမ္ပဏီကလည်း သြစတြေးလျတွင် ကားထုတ်လုပ်သည့် လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတိုင်မီ ရပ်ဆိုင်းတော့မည်
အမေရိကန် သံတမန်ကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယားဆုံးဖြတ်၊ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်
မြောက်ကိုရီးယားနိုင်ငံ၌ ဖမ်းဆီးခံထားရသော အမေရိကန်နိုင်ငံသား တစ်ဦးအရေးနှင့် ပတ်သက်ပြီး လာရောက် ဆွေးနွေးမည့် အမေရိကန် သံတမန်ကို လက်ခံ တွေ့ဆုံခြင်း မပြုရန် မြောက်ကိုရီးယား အာဏာပိုင်များက ဆုံးဖြတ်လိုက်ပြီး ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လျက် ရှိသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
နှစ်စဉ် ပြုလုပ်နေကျ တောင်ကိုရီးယား - အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ် စတင်မည့်ရက် ကြေညာပြီးနောက် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်လျက် ရှိသည့်အချိန်တွင် မြောက်ကိုရီးယားက ယခုကဲ့သို့ အမေရိကန် သံတမန်တစ်ဦးကို လက်ခံ တွေ့ဆုံခြင်း
နှစ်စဉ် ပြုလုပ်နေကျ တောင်ကိုရီးယား - အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ် စတင်မည့်ရက် ကြေညာပြီးနောက် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်လျက် ရှိသည့်အချိန်တွင် မြောက်ကိုရီးယားက ယခုကဲ့သို့ အမေရိကန် သံတမန်တစ်ဦးကို လက်ခံ တွေ့ဆုံခြင်း
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးတက်ရန် အစိုးရသာမက အားလုံးနှင့်သက်ဆိုင်၍ တတ်နိုင်သည့်ဘက်မှ တာဝန်ယူဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးတက်ရန်မှာ အစိုးရတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ အားလုံးနှင့်သက်ဆိုင်ခြင်းဖြစ်ရာ တတ်နိုင်သည့်ဘက်မှတာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဖေဖေဖော်ရီ ၈ရက်က ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ် လည်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဖေဖေဖော်ရီ ၈ရက်က ကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်၏ နှစ်ပတ် လည်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မိန်းမ အစစ်များ မဟုတ်သဖြင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းမှ ဘောလုံးသမား လေးဦး အမျိုးသမီး အသင်း၌ ကစားခွင့် ပိတ်ပင်ခံရ
အီရန် အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းမှ ဘောလုံးသမား လေးဦး သည် မိန်းမ အစစ်များ မဟုတ်သဖြင့် အမျိုးသမီး လက်ေ၇ွးစင် အသင်း၌ ကစားရန် ပိတ်ပင်ခြင်း ခံလိုက်ရကြောင်း သိရသည် ။ ပြည်သူ့ အစ္စလမ်မစ် အဖွဲ့ မှ စစ်ဆေးစဉ် အမျိုးသမီး လက်ရွေးစင် အသင်း၌ ထိုကဲ့သို့  မူလ မိန်းမ အစစ် မဟုတ်သူများ ကို စစ်ဆေးတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း ၄ ဦး အဖွဲ့ တွင် ယောင်္ကျား လိင် ( မိန်းမလျာ ) အဖြစ်မှ ခွဲစစ်ပြုပြင်ထားသူ များနင့် မိန်းမလျာ ( မခွဲစစ်ရသေးသူများ ) လည်း ပါဝင် နေကြောင်း သိရသည် ။
ဝန်ကြီး ဦးအုန်းမြင့် ရာထူးမှနှုတ်ထွက်ပေးရေး အောင်လံတွင်ဆန္ဒပြ.
Tuesday, February 11, 2014
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရာထူးမှ နှုတ်ထွက်ပေးရေးအတွက် ဆန္ဒထုတ်ဖေါ်ပွဲတစ်ခုကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ မှဦးဆောင်ကာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းကမကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်းသ တင်းရရှိသည်။
ဩစတြေးလျတွင် Toyota ၏ မော်တော်ယာဉ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်
11-2-2014
ဩစတြေးလျ ဈေးကွက်အတွက် မော်တော်ကားသစ်များ တင်ပို့ရောင်းချနေမှုကို ရပ်ဆိုင်းတော့မည်ဟု Toyota ကုမ္ပဏီက ကြေညာခဲ့သည်။ ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးက ဩစတြေးလျတွင် ယာဉ်အသစ်များ ထုတ်လုပ်မှုကို (၂၀၁၇)ခုနှစ်တွင် အပြီးသတ် ရပ်ဆိုင်းမည်ဟု
ဒေါက်တာ ဒေါ်ခင်စန်းရီကို ပညာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ သဝဏ်လွှာပို့
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသော ဒေါက်တာ ဒေါ်ခင်စန်းရီကို လစ်လပ်လျက်ရှိသော ပညာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ထားကြောင်း လွှတ်တော် ကိုယ်စား လှယ်များထံမှ သိရှိရသည်။
ပွင့်ဖြူမြို့ နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှုဖြစ်
မကွေး၊ မဇ္ဈိမ။ ။ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်တစ် မိုင်ခန့်အကွာရှိ မြန်မာ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းက ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။
သန်းခေါင်စာရင်း ကောက်ယူပြီးပါက နိုင်ငံသားကတ်ပြားတွင် လူမျိုး၊ ဘာသာတို့ မထည့်သွင်းပဲ ပြုလုပ်ရန် ရည်ရွယ်ထားဟုဆို
မတ်လတွင် ကောက်ယူတော့မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက နိုင်ငံသား ကတ်ပြားလုပ်ရာတွင် လက်ရှိထည့်သွင်းထားသည့် လူမျိုးနှင့် ဘာသာဟူသည်ကို မထည့်သွင်းတော့ရန် ရည်ရွယ်ထားသည်ဟု ဖေဖော်ဝါရီ ၁ဝ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်သည်။
ကားလောက ဈေးကွက် အကျဘက်ကို ဦးတည်
ရန်ကုန်မှာ ကားရောင်းစင်တာတွေ များပြီး လူတိုင်ကား တင်သွင်းခွင့်ရှိတဲ့အတွက် ကားလောက ဈေးကွက်ဝယ်လိုအား မရှိသလောက် ဖြစ်ပြီး အကျဘက်ကို ဦးတည်နေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
11.2.2014
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်
ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ မဖယ်ရရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာ ရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၇ ရက်နေ့က စာပေးပို့ ထားခဲ့ပါတယ်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် အကောက်ခွန်မဲ့ပစ္စည်း သိမ်းဆည်းရမိမှုမှ ကျပ် ၁၀ ဘီလျံခွဲကျော်ရရှိ
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလကုန်အထိ နယ်စပ်ကုန်သွယ်မှုတွင် တရားမ၀င် ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ခန့်မှန်းတန်ဖိုး ကျပ် ၁၀ ဘီလျံခွဲကျော်ရှိ အကောက်ခွန်မဲ့ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
NLD ရွေ့လျား ဆေးကုသမှု ပြုလုပ်ရန် စီစဉ်နေ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ရွေ့လျား ဆေးကုသမှုဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ် နေကြောင်း သိရသည်။
ရွေ့လျား ဆေးကုသမှုကို မကြာခင်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ကော့မှူး မြို့နယ်တွင် စီစဉ်ထားကြောင်း၊ ရွေ့လျား ကုသမှုတွင် ခွဲစိတ်မှုများလည်း ပါမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တွင် လည်း ကျန်းမာရေး ဝန်ဆောင်မှုကို လုပ်ဆောင်နေကြောင်း NLD အမျိုးသား ကျန်းမာရေး ကွန်ရက်မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားသည်။
NLD မှ အလုပ်အမှုဆောင်တစ်ဦး အဆိပ်မိသေဆုံးမှု လွှတ်တော်တွင် တင်ပြဆွေးနွေးမည်
Tuesday, February 11, 2014
ကျောင်းကုန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလုပ်အမှုဆောင် ဦးရွယ်လူးအား အိုဗာတင်းပုလင်းနှင့် King Star တံဆိပ်ပါ ပူတင်းမုန့်တွင် အဆိပ်များထည့်ပြီး လုပ်ကြံခဲ့၍ ၂၀၁၄၊ဇန်နဝါရီ ၂ရက်၌ သေဆုံးခဲ့ပြီး သားဖြစ်သူ(၇)တန်းကျောင်းသားမှာ ယခုရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမူ ခံယူနေရသောကြောင့် ယခုတစ်ပတ် လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် လွှတ်တော်အမတ် ဒေါက်တာဒေါ်လှမြတ်သွေးက ပြောသည်။
ဆီးရီးယား တိုက်လေယာဉ်များ ချဉ်းကပ်၍ ကြားဖြတ် တိုက်ခိုက်ရန် တူရကီ ကြိုးပမ်းခဲ့
တူရကီနိုင်ငံ တောင်ပိုင်းသို့ ချဉ်းကပ်လာသော ဆီးရီးယား တိုက်လေယာဉ် နှစ်စင်းအား F-16 ဂျက်တိုက်လေယာဉ် လေးစင်းဖြင့် ဖေဖော်ဝါရီ ၈ ရက်က ကြားဖြတ်တိုက်ခိုက်ရန် ထပ်ကြပ်လိုက် ခဲ့ကြောင်း တူရကီစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
မလေးရှားတွင် ရခိုင်ခေါင်းဆောင်များကိုလုပ်ကြံသူသည် မြန်မာစကားပြောပြီး မြန်မာပြည်မှဝင်ရောက်လာသော အကြမ်းဖက်အုပ်စုသာဖြစ်
11-02-2014
ရခိုင်တိုင်းရင်း သားခေါင်းဆောင်များကို သေနတ်နှင့် ပစ် ခတ်လုပ်ကြံမှုကြီးတစ်ခု မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့ခြင်းတွင် လုပ်ကြံသူများသည် မြန်မာ စကားပြောပြီး မြန်မာနိုင်ငံမှ ၀င်ရောက်လာ သော အကြမ်းဖက်သမားများဖြစ်ကြောင်း လုပ်ကြံခံရသူများက ပြောသည်။
သန်လျင်ရှိ ကွမ်းခြံကုန်း ကျေးရွာကို နှစ်ပတ်အတွင်း ဖျက်သိမ်းရန် အမိန့်ထုတ်
11-2-2014
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အုပ်စုရှိ ကွမ်းခြံကုန်း ကျေးရွာကို ဖျက်သိမ်းပေးရန်နှင့် ယင်းကျေးရွာရှိ နေအိမ် ၁၄၀၀ ကျော်ကို နှစ်ပတ်အတွင်း ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမိန့် ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။
ရန်ကုန်တိုင်ဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း ဇန်န၀ါရီလတွင် ယာဉ်တိုက်မှုပေါင်း၁၉၄ မှုဖြစ်ပွားခဲ့
11-2-2014
ရန်ကုန်တိုင်ဒေသကြီးစည်ပင်သာယာနယ်နမိတ်အတွင်း၂၀၁၄ ဇန်န၀ါရီလတွင်ယာဉ်တိုက်မှုပေါင်း၁၉၄ မှုဖြစ်ပွားခဲ့ကြောင်းးအမှတ်(၂)ယာဉ်ထိန်းရဲရုံးမှသိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် (၂၇)ဦးသေဆုံးပြီး(၃၁၈)ဦးဒဏ်ရာရရှိခဲ့သည်။
ယာဉ်တိုက်မှုများတွင်ကိုယ်ပိုင်ယာဉ်ကြောင့်တိုက်မှု(၇၆)မှု၊မထသယာဉ်ကြောင့်တိုက်မှု(၉)မှု၊အခြားခရီးသည်တင်ယာဉ်ကြောင့်တိုက်မှု(၂၀)မှု၊တက္ကစီယာဉ်ကြောင့်တိုက်မှု(၃၆)မှု၊နှင့်အငှားကုန်တင်ယာဉ်ကြောင့်တိုက်မှု(၃၁)မှုတို့ ဖြစ်ပွားခဲ့သည်။ အဆိုပါယာဉ်တိုက်မှုများသည် နေ့ အချိန်တွင်ဖြစ်ပွားမှု(၇၆)မှုနှင့်ညအချိန်တွင်ဖြစ်ပွားမှု(၁၁၈)မှုရှိကြောင်းအမှတ်(၂)ယာဉ်ထိန်းရဲရုံးမှသိရသည်။zwy
မလေးရှားတွင် ရခိုင်အမတ်များ လုပ်ကြံခံရမှု နှစ်နိုင်ငံလွှတ်တော်နှစ်ရပ် ပူးပေါင်းဖြေရှင်းမည်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် မလေးရှားတွင် လုပ်ကြံခံရမှုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် မလေးရှားလွှတ်တော် နိုင်ငံတကာဆက်ဆံ ရေးကော်မတီတို့ ပူးပေါင်းဖြေရှင်းသွားမည်ဟု အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝေက မဇ္ဈိမကို ပြောသည်။
နာဂဒေသဖွံ့ဖြိုးရေး အမေရိကန်ဒေါ်လာ ၂၅ သန်း အိန္ဒိယထောက်ပံ့မည်
မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာမည့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နာဂပြည်နယ် ဝန်ကြီးချုပ် Neiphiu Rio က မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် ပြောကြားခဲ့သည်။