Pages

13.1.15

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ၂ နှစ်ဆက်တိုက်ရရှိ


၂၀၁၄ အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (ဖီဖာဘလွန်းဒီအောဆု)ကို ရော်နယ်ဒိုက ၂ နှစ်ဆက်တိုက် ဆွတ် ခူးသွားသည်။
ကမ္ဘာ့အကောင်းဆုံး ဘော လုံးသမာဆု လေးနှစ်ဆက်ရရှိ ထားသော မက်ဆီ၊ ဂျာမနီအသင်းကမ္ဘာ့ဖလားရရှိရာတွင် အဓိက လက်စွမ်းပြခဲ့သော နူအာတို့ကို ကျော်ဖြတ်၍ အကောင်းဆုံးဘောလုံး သမားဆုကိုဆွတ်ခူးသွားခြင်း ဖြစ်သည်။ ရော်နယ်ဒိုအတွက် ကမ္ဘာ့အကောင်းဆုံးဆုမှာ သုံးကြိမ်မြောက် ရရှိခဲ့ခြင်းလည်းဖြစ် သည်။

၂၀၁၄ အတွက် အကောင်း ဆုံးနည်းပြဆုကို ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီနှင့် အက်သလက်တီကိုမက်ဒရစ် နည်းပြ ဆီမြွန်နီတို့ကို ကျော်ဖြတ်၍ ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သော ဂျိုအာလိုချင်က ရရှိခဲ့သည်။
၂၀၁၄ တစ်နှစ်တာ အလှဆုံးဂိုးအဖြစ် ကိုလံဘီယာလက်ရွေးစင်နှင့် မက်ဒရစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ကိုလံဘီယာ နှင့် ဥရုဂွေးတို့၏ ကွာတားဖိုင်နယ် ပွဲစဉ်၌  ဘောလုံးကို ရင်ဘတ်ဖြင့်ထိန်းကာ ကိုယ်ကို တစ်ပတ်လှည့်ပြီး မြေမကျ ဘော်လီဆွဲကန်သွင်းယူခဲ့သောဂိုးဖြင့် ရရှိခဲ့သည်။
၂၀၁၄ အတွက် ဖီဖာအ ကောင်းဆုံး ၁၁ဦး ကစားသမား စာရင်းတွင် ဂိုးသမားနူအာ၊ နောက်တန်း ရာမို့စ်၊ သီယာဂို ဆေးလ်ဗား၊ ဒေးဗစ်လူးဝစ်၊ ဖီး လစ်လမ်း၊ ကွင်းလယ်တွင် အင်နီ ယေစတာ၊ တိုနီခရုစ်၊ ဒီမာရီယာ၊ ရှေ့တန်းသုံးဦးအဖြစ် ရော်နယ်ဒို၊ ရော်ဘင်၊ မက်ဆီတို့   ရွေးချယ် ခံရသည်။          

Credit to>>>7Day News

No comments:

Post a Comment